Unicode
"မင်းသားရှောင်း ဟို အရိပ်တပ်သားက မင်းသားရှောင်းရဲ့လူပဲလား"
ခရီးရှည်သွားရန် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရင်း ရိပေါ်မေးလိုက်သည်
သူသိချင်နေတာ အဲ့အရိပ်တပ်သားကို"အင်း သူ့နာမည်ကရွှယ်ယန် ငါနဲ့ငယ်ငယ်တည်းကတူတူလေ့ကျင့်ခဲ့တာ ဒါပေမဲ့အခုလိုအခြေအနေရောက်သွားတာမို့ ငါကတော့ ဆက်ပြီးမလေ့ကျင့်ဖြစ်တော့ဘူး သူကတော့ ဆရာ့ရဲ့အတော်ဆုံးတပည့်တစ်ယောက်ဖြစ်နေပြီ"
ရိပေါ်ခေါင်းတငြိမ့်ငြိမ့်ဖြင့်
"အာ့ဆို မင်းသားရှောင်းကသိုင်းမတတ်တော့ဘူးလား"သူ့အပြောကို မျက်လုံးလေးကိုအပေါ်ကြည့်လို့စဥ်းစားနေတဲ့မင်းသားရှောင်းက တစ်ခနအကြာ
"အဲ့လိုလဲမဟုတ်ဘူး ဒါပေမဲ့ငါမတတ်တော့ဘူးထင်တယ် ဘာလို့ဆို ငါရှောင်တဲ့ရှားတဲ့နေရာတွေကိုယ်ဖော့တာတွေတော့ရသေးတယ် ဓားပြန်ကိုင်နိုင်ဖို့တော့ ငါတော်တော်ပြန်လေ့ကျင့်မှရအုံးမှာ"
"အင်း...... ရပါတယ်မင်းသားရှောင်း ရှောင်တတ်ရှားတတ်ရင်ရပြီ ဟောဒီကဝမ်ရိပေါ်ကမင်းသားရှောင်းကိုကာကွယ်ပေးလို့ရတယ် ကျနော်ကသိုင်းပညာကိုတစ်ဖက်ကမ်းခတ်တောင်မဟုတ်ဘူး သုံးလေးဖက်ကမ်းခတ်အောင်ကိုတော်တာ"
သူ့အပြောကိုမင်းသားရှောင်းမှ နှာခေါင်းရှုံ့လို့
"မင်းကလေ အရင်ကနဲ့မတူဘူး အခုတလော တအားစကားများလာတယ်သိလား "သူမင်းသားရှောင်းကိုမျက်စောင်းထိုးလိုက်ကာ
"ဟွန့် သူပျင်းမှာစိုးလို့လဲပြောပေးရသေးတယ် မပြောတော့ဘူး နောက်ဆို... နော်"နှုတ်ခမ်းကိုထော်လို့ ဆန့်ကျင်ဖက်ကိုလှည့်သွားတဲ့ ကောင်လေးကစိတ်ကောက်သွားဟန်
ရှောင်းကျန့်နှုတ်ခမ်းထက်အပြုံးလေးဖြစ်ပေါ်လာကာ"အားရိုး.. ငါတို့ဝမ်ဘဲပေါက်လေးကစိတ်ကောက်သွားတာများ နှုတ်ခမ်းကြီးကိုထော်လို့ ကြည့်ပါအုံး"
သူ့ကိုဘဲပေါက်ဟုပြောတာကိုမကြိုက်တာကြောင့်ထင် ရှောင့်ကျန့်ဖက်ဆက်ကနဲလှည့်လာကာ
မျက်စောင်းကြီးဖြင့်ကြည့်လာလို့
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)