Part-23(ဝမ်ငါးစုတ်)

1.9K 130 12
                                        

Unicode

"အား... ကျွတ်..ကျွတ်..ကျွတ်"

ကုတင်ပေါ်မှငြီးသံကြောင့်
ကြည်လိုက်မိတော့

"မင်းနိုးပြီလား နိုးရင်ဆေးသောက်လိုက်အုံး"

အမွေစိန်နားသို့သွားကာ ထထိုင်ဖို့ပြင်နေတဲ့သူအား သူတွဲပေးလိုက်တော့

"ကျနော် ကျနော် ဘယ်ရောက်နေတာလဲ"

ရိပေါ်ဆေးခွက်အားယူလို့ အမွေစိန်လက်ထဲထည့်ပေးလိုက်ရင်း

"မင်း ရှောင်းပြည်နယ်ထဲကိုရောက်နေတာ "

သူ့စကားကိုနားမလည်စွာ

"ရှောင်းပြည်နယ်"

"အင်း မင်းတို့ဂျိုဆွန်းနယ်နိမိတ်နဲ့ နီးတဲ့နေရာ ကွမ်တုံး ဖက် ကိုရောက်နေတာ"

"အော်.. အဲ အာ့ဆို ဂျွန်ရော မဖြစ်ဘူး ကျနော်ပြန်မှရမယ် ကျနော်....."
ဆေးခွက်ကိုမသောက်သေးပဲ ဘေးချလို့
အတင်းထပြန်ရန်လုပ်နေတဲ့အမွေစိန်ကြောင့် သူတားလိုက်ကာ

"yrr.. yrr မင်းအခြေအနေက ထလို့ရသေးတဲ့အခြေအနေမဟုတ်ဘူး ကိုယ့်အခြေအနေကိုယ်သိ မင်းရဲ့ခေါင်းကလည်းပေါက်နေတယ် ဗိုက်ကလည်းဓားဒဏ်ရာနဲ့ ပြီးတော့မင်းရဲ့ခြေထောက် ကလည်းအကျိုး
မင်းက ဒုက္ခိတဖြစ်နေတာတောင် ကွမ်တုံးနဲ့ဂျိုဆွန်းကို ခြေကျင်လျှောက်သွားချင်သေးတယ်ပေါ့ ဟုတ်လား"

သူ့စကားတွေကြောင့်အမွေစိန်မှနှုတ်ခမ်းဆူကာ စောင်ကိုပြန်ခြုံလို့

"အာ့ဆိုရင်လဲ သက်သာအောင်လုပ်ပေးလေဗျာ"

"သက်သာချင်ရင် ဆေးသောက် ရော့"

ပြောပြီးဆေးခွက်ကိုလက်ထဲထည့်ပေးလိုက်တော့ ဆေးခွက်ကိုနမ်းကြည့်ကာ
မျက်နှာကြီးရှုံ့မဲ့လို့

"ခါးလား"

ရိပေါ်စိတ်မရှည်စွာ

"ငါကဘယ်လိုလုပ်သိမှာတုံး ခါးမခါးသိချင်ရင်သောက်ကြည့်လေ"

မျက်နှာငယ်လေးဖြင့် ဆေးခွက်အားမော့ချလိုက်တဲ့အမွေစိန်က သောက်ပြီးတာနဲ့ မသိရင်အဆိပ်သောက်ခိုင်းလိုက်သလိုပင် မျက်နှာကြီးရှုံ့မဲ့လာကာ

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now