Part-11(ဂလု.. *တံတွေးမြိုချသံ*)

1.7K 143 3
                                    

Unicode

အမှောင်တွေကြီးစိုးလို့လူခြေတိတ်နေတဲ့ညလယ်မှာ ဝမ်ရိပေါ်တစ်ယောက်မျက်လုံးတွေကိုဆက်ခနဲဖွင့်လိုက်မိသည်
သို့သော်မျက်လုံးကိုပြန်မှိတ်လို့ဘေးပတ်ဝန်းကျင်ကိုနားစွင့်မိတော့ ခြေသံသဲ့သဲ့
ထိုခြေသံကသူနဲ့တဖြည်းဖြည်းနဲ့ဝေးကွာသွားကာအဆောင်ရဲ့အနောက်ဖက်တံခါးမှအပြင်သို့ထွက်သွားသည် သူမျက်လုံးအသာဖွင့်လို့ဘေးကိုစမ်းမိတော့
"မင်းသားရှောင်း"

သူ့ဘေးကနေရာကနွေးနေသေးတာကြောင့်ခုနကထွက်သွားတဲ့သူကမင်းသားရှောင်းဖြစ်လိမ့်မည်
သူအိပ်ယာမှထကာခြေကိုဖွဖွနင်းလို့
အနောက်ဖက်တံခါးဆီသွားလိုက်သည်
သူတံခါးကိုမဖွင့်သေးပဲအပြင်ကိုနားစွင့်မိတော့
"အာ့"

မင်းသားရှောင်းရဲ့အသံထွက်ပေါ်လာတာကြောင့်
"မင်းသားရှောင်း"

သူတံခါးကိုဖွင့်လို့ကြည့်လိုက်တော့ မျက်နှာကိုအဝတ်အမည်းနဲ့အုပ်ကာ တစ်ကိုယ်လုံးကိုလည်းဝတ်ရုံမည်းသာဝတ်ဆင်ထားသည့်လူတစ်ယောက်
ထိုလူရဲ့ဘေးမှာမျက်လုံးမှိတ်ကာသတိမေ့နေပုံရတဲ့မင်းသားရှောင်း
"ဒီမှာ မင်းသားရှောင်းကိုထိမယ်မကြံနဲ လစ်လိုက်တော့"
မင်းဘယ်သူလဲလို့မေးလည်းဖြေမှာမဟုတ်တာကြောင့်လိုရင်းကိုသာတန်းမေးလိုက်သည်

သူ့အပြောအားတခနကြောင်နေပုံရတဲ့လူအား သူရုတ်တရက် လက်ထဲမှဓားမြောင်အသေးလေးနဲ့ပစ်လိုက်သည်
သို့သော်ဓားမြောင်ကထိုလူနောက်ကသစ်သားတိုင်မှာသွားစိုက်နေသည် ဘာကြောင့်ဆို ထိုလူကအရိပ်တစ်ခုလို သူ့ရှေ့ရပ်နေရာမှာ တခြားခေါင်မိုးပေါ်သို့ရုတ်တရက်ရောက်သွားခြင်းကြောင့်ပင် ထိုလူထွက်သွားတာနဲ့ရုတ်တရက်လဲကျတော့မယ်မင်းသားရှောင်းဆီသူကိုယ်ဖော့သွားလိုက်တာကြောင့်မင်းသားရှောင်းမြေပြင်နဲ့မထိသွားပဲ သူ့ပခုံးပေါ်မှီလျက်သားဖြစ်သွားသည်
သူဟိုလူတက်သွားတဲ့ခေါင်မိုးကိုကြည့်မိတော့ ခေါင်မိုးမှာဘယ်သူမှရှိမနေတော့

"အရိပ်တပ်သား ကျစ် မင်းသားရှောင်းကအရိုးပဲရှိပေမဲ့ အဲ့အရိုးထဲမှာအဆီတွေများနေတာထင်တယ် လေးလိုက်တာ"
သူပြောလည်းပြော မင်းသားရှောင်းရဲ့ကိုယ်ကြီးအား ကုန်းပိုးလို့ အထဲကိုဝင်လာလိုက်သည်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now