Part-15(မင်းသားရှောင်းရဲ့နိုင်ကွက်)

2.2K 185 8
                                        

Unicode

"စစ်ကျွေးဘာထူးလဲ ရှာလို့တွေ့ခဲ့လား"

သူ့အမေးအားစစ်ကျွေးမှသက်ပြင်းချလို့ ခေါင်းကိုခါရမ်းကာ
"အရင်အတိုင်းပဲ ကြင်ယာတော်"

"ကျစ် အချိန်ကသိပ်မကျန်တော့ဘူး နန်းတက်ပွဲကစတော့မှာ အစီအစဥ်ကိုဒီညစမှရမယ် စစ်ကျွေး"

"ဟုတ်ကဲ့"

"ငါပြောထားအတိုင်းလုပ်ပါ"

သူ့စကားအပြီးစစ်ကျွေးမှခေါင်းညိမ့်ကာ သူ့အားတစ်ချက်ကြည့်လို့ထွက်သွားသည်
နန်းတက်ပွဲစတော့မယ် သူရှောင်းဘုရင်အစစ်အမှန်ကိုနန်းတင်နိုင်မှဖြစ်လိမ့်မယ် ရှောင်းဘုရင်အစစ်ဆိုတာ တခြားသူတော့မဟုတ် မင်းသားရှောင်း သူမင်းသားရှောင်းရဲ့အကြောင်းကိုစုံစမ်းကြည့်လိုက်တော့ရှောင်းနန်းတော်ကြီးရဲ့အရှုပ်တော်ပုံတွေကိုပါသိလာခဲ့ရသည်
တကယ်တော့မင်းသားရှောင်းကသာအရင်အရှင်မင်းကြီးရှောင်းစစ်ရန်ရဲ့သားအရင်း ယခုသောက်စားမူးရစ်ပျော်ပါးနေတဲ့မင်းသားရှောင်းတာ့ရင်းကအရင်မင်းကြီးရဲ့သားတော်အရင်းမဟုတ်

မိဖုရားကမင်းသားရှောင်းကိုယ်ဝန်ကိုလွယ်ထားရတဲ့အချိန် တစ်ဖက်တိုင်းပြည်ကသူမမိတ်ဆွေရဲ့သားတော်လေးဖွားမြင်ခြင်းအထိမ်းအမှတ်ကင်ပွန်းတပ်ပွဲလုပ်တာကြောင့် မင်းသားရှောင်းရဲ့မယ်တော်ကသွားပြီးဂုဏ်ပြုချင်ခဲ့တာ မင်းကြီးကမွေးရက်ဖွားရက်အလွန်နီးနေတာကြောင့်သဘောမတူ ဒါပေမဲ့မင်းကြီးကမိဖုရားကိုအရမ်းချစ်တာကြောင့်မလို့ စိတ်မချမ်းမသာဖြစ်နေတဲ့မိဖုရားကိုမြင်တော့စိတ်မကောင်း သို့ကြောင့်သူပါအတူလိုက်ခဲ့မယ်ဆိုပြီး တစ်ဖက်နိုင်ငံကိုအတူသွားခဲ့ကြသည်

အပြန်လမ်းမှာတော့ လုပ်ကြံသူတွေနဲ့တွေ့ပြီးလုပ်ကြံသူအင်အားများတာကြောင့် ဘုရင်ကမိဖုရားကိုကာကွယ်ရင်း မိဖုရားနဲ့အတူ တောကြီးတောင်ကြီးထဲမှာမျက်စိလည်ခဲ့ကြရသည်
ကံမကောင်းချင်တော့မိဖုရားကြီးကမွေးရက်ဖွားရက်စေ့တာကြောင့် ဗိုက်နာလာခဲ့ရာ ဘုရင်ကလည်း ဘာလုပ်ရမယ်မှန်းမသိတာကြောင့်ခြေမကိုင်မိလက်မကိုင်မိ သို့ပေမဲ့တစ်ခုကံကောင်းတာက ညဘက်ကြီးဆေးပင်ရှာရာကနေပြန်လာတဲ့သမားတော်တစ်ယောက်နဲ့တွေ့ခဲ့ခြင်းပင်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now