Part-4(ဖူးစာရှင်ကတော့ဘယ်နေလဲမသိဘူး ယောကျာ်းတော့ရသွားပြီ)

2.8K 193 5
                                        

Unicode

"စစ်ကျွေး ငါဘယ်လိုဖြစ်နေလဲ"
ဝတ်စုံများနဲ့အသားမကျတာကြောင့်နေရခက်စွာမေးမိသည်
ဝါကျင့်ကျင့်မှန်ထဲမှာပေါ်နေတဲ့သူ့ပုံကအနီရင့်ရောင်ဝတ်စုံကြီးဖြင့် မြင်နေရတာတကယ့်ကို ကို့ရို့ကားယားနိုင်လှသည်

"လုံးဝက်ိုချွတ်ပြီးစွပ်ထားတဲ့အတိုင်းပဲ"
သူ့ကိုအသေအချာကြည့်လို့အစမရှိအဆုံးမရှိပြောလာတဲ့စစ်ကျွေးအားမျက်မှောင်ကြုံ့ကာ
ကြည့်လိုက်ပြီး

"ဘာကိုချွတ်ပြီးစွပ်ထားတာလဲ ရှင်းရှင်းပြောပါကွာ"

"ဒီလိုလေ သခင်လေးကအရင်က သခင်မလေးနဲ့ဆင်ရုံပဲဆင်တာ အခုကလုံးဝချွတ်စွပ်ကိုတူသွားတာ"
စစ်ကျွေးရဲ့အပြောကြောင့် မှန်ထဲမှသူ့ပုံစံအားသေချာကြည့်မိတော့
တကယ်ကိုတူသွားတာပဲ
မိတ်ကပ်အနည်းငယ်လိမ်းထားရတာကြောင့်သူများအမြင်မပြောနဲ့သူ့အမြင်မှာတောင်မိန်းကလေးတစ်ယောက်နဲ့တူနေသည်
ဘိုးဘေးနဲ့သခင်မလေးလန်ရိရှင်းကတကယ်ပဲမောင်နှမတော်စပ်နေလိမ့်မယ်လို့သူထင်သည်
လောကမှာနာမည်တူမရှားလူတူမရှားဆိုတာကိုလက်ခံလို့ရပေမဲ့အခုဟာကအမှတ်ပါတူနေတာဆိုတော့ သေချာတယ်မောင်နှမပဲ ဒါပေမဲ့စဥ်းစားစရာက ဘာလို့များလန်ရှင်းယွီမှာပါ တော်ဝင်အမှတ်ရှိတယ်လို့မိဖုရားကြီးကိုလိမ်ထားရတာလဲ
သေချာပေါက်တစ်ခုခုတော့ရှိလိမ့်မည် ပြီးတော့ ကျဲကရောဘာဖြစ်လို့ဝမ်တိုင်းပြည်မှာမရှိပဲ ဒီကိုရောက်နေရတာလဲ တစ်ယောက်ယောက်ကများကျဲကိုခိုးယူလာခဲ့တာလား
ကျစ် ရှုပ်ထွေးလိုက်တာ ငါဒီတစ်သက် ဒီအတိတ်ကနေလွတ်မြှောက်နိုင်ပါ့မလားနော်

"ကြင်ယာတော် အချိန်ကျပါပြီ"
အထိန်းတော်စုန့်ကိုခေါင်းငြိမ့်ပြလို့ ပဝါအနီကိုမျက်နှာပေါ်ဝဲကျစေလိုက်သည်
အထိန်းတော်စုန့်ဆိုတာ မယ်မယ်ကြီးစီစဥ်ပေးထားတဲ့သူ့ရဲ့အထိန်းတော် ကုန်းကုန်းတော့မဟုတ် ယောကျာ်းလေးတစ်ယောက်
မယ်မယ်ကြီးရဲ့ အထိန်းတော်ရဲ့ တူဆိုလားပဲ နာမည်ကစုန့်ကျိရန်တဲ့

သူကသမိုင်းသုတေသီတစ်ယောက်ဖြစ်လို့ ရှေးခေတ်wedding တွေကိုဘယ်လိုကျင်းပတယ် ဘယ်လိုလုပ်ရတယ်ဆိုတာ အကုန်သိထားတာကြောင့်မို့သူ့အတွက်တော့ခက်ခဲမနေ ဒါပေမဲ့တစ်ယောက်ယောက်အတွက်တော့ဒီလက်ထပ်ပွဲကဘာပွဲမှန်းတောင်မသိပဲဖြစ်နေလိမ့်မယ်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now