Unicode
"ဒီအိမ်ပါသခင်လေး"
သေနတ်ကိုဆွဲလို့အပြင်ထွက်မယ်ပြင်ပြီးမှ
ကားထဲပြန်ဝင်ထိုင်လိုက်ကာ"အိမ်ထဲမှာဘယ်နှစ်ယောက်လောက်ရှိမယ်လို့ထင်လဲ"
"အင်မ်..အနည်းဆုံးရှိမှ အယောက်၂၀ ၃၀လောက်ပါပဲ သခင်လေး"
တံတွေးကိုမြိုချလို့ တစ်ခနငြိမ်မိတော့
"လူနည်းနေလို့လားသခင်လေး ကျနော်ဂိုဏ်းတစ်ခုလုံးဒီကိုရောက်လာအောင်လုပ်လိုက်ရမလား အဲ့တာမှဂိုဏ်းတစ်ခုလုံးရှင်းပြီးသားဖြစ်သွားမှာ ကျနော်အခုပဲသွား..."
"မလိုဘူး မလိုဘူး..ရတယ် မသွားနဲ့..အားယား..နာလိုက်တာ..ငါ့နှလုံး..နှလုံးအောင့်လိုက်တာနော်"
မျက်စိစုံမှိတ်အော်နေရာကနေ တစ်ဖက်ဖွင့်လို့အရိပ်အခြေကြည့်မိတော့ ရိလျန်ကသူ့ကိုနားမလည်သလိုကြည့်နေတာကြောင့် သူဆက်ပြီးဟန်ဆောင်မိတော့
"ဟို နှ..နှလုံးကဘယ်ဘက်မှာ..."
ရိလျန်စကားကြောင့် ညာဘက်ရင်ဘတ်ပေါ်တင်ထားမိတဲ့လက်ကိုဘယ်ဘက် နည်းနည်းရွေ့လိုက်လို့
"ငါ့နှလုံးကညာဘက်နည်းနည်းရောက်တယ်တဲ့
အား..မရတော့ဘူး..အရမ်း..အရမ်းအောင့်လာပြီ..""ဟုတ်..ဟုတ်..အခုဆေးရုံကိုမောင်းပေး.."
"ဖန်ရှင်း..ဖန်ရှင်းစီပဲသွားလိုက်ရင်ရပြီ..ငါ့ဆေးကသူ့ဆီမှာ"
သူ့စကားကြောင့် ရိလျန်မှလက်ညိုးတစ်ထောင်ထောင်ဖြင့်စဥ်းစားနေဟန်ရှိသေးတာကြောင့်
"အား..အရမ်းအောင့်နေပြီ...ဟင်း..ဟင်း..သေတော့မလားမသိဘူး...အားယား..."
"ဟုတ်..ဟုတ်..ရောက်တော့မယ်..ရောက်တော့မယ်"
ရိလျန်ခမျာ ရုတ်တရက်နှလုံးထဖောက်တဲ့သခင်လေးကြောင့်နားမလည်ခြင်းပေါင်းများစွာဖြင့်
ပြီးတော့နှလုံးကလည်းညာဘက်နည်းနည်းရောက်နေသေးသည်တဲ့ သခင်လေးကလူစွမ်းကောင်းကြီးများလားပင်...
"နေပါအုံး ငါSeanကော ဆီကကြားတော့ မင်းကဂိုဏ်းတစ်ဂိုဏ်းလုံးကိုရှင်းပြီးထွက်လာတာဆို
အခုအယောက်၂၀ ၃၀လောက်ပဲရှိတာကိုဘာလို့ကြောက်နေတာလဲ"
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)