Part-19(လူပျိုဖြန်းလေး)

1.7K 140 4
                                    

Unicode

"ခန ... ခန... နားအုံးမယ်..... ငါမပြေးနိုင်တော့ဘူး"
ရင်ခေါင်းသံကြီးဖြင့်ပြောလာတဲ့မင်းသားရှောင်းအားသူမျက်ဖြူသာလှန်ပြလိုက်ကာ

"ပြေးလာတာဘယ်လောက်မှတောင်မရှိသေးဘူးမင်းသားရှောင်းရာ မသိရင်အဘိုးကြီးလက်ဆွဲခေါ်လာရတဲ့အတိုင်းပဲ"
မင်းသားရှောင်းသဘောအတိုင်းအရိပ်ကောင်းကောင်းရတဲ့သစ်ပင်ကြီးအောက်မှာထိုင်လိုက်လို့ ပြောမိတော့ မင်းသားရှောင်းက နဖူးမှချွေးတွေကိုသုတ်ရင်း

"ဒီမှာ ငါကမင်းလို အသက်ငယ်ငယ်လေးမှ မဟုတ်တော့တာ အဲ့တော့ မင်းလောက်တော့ဘယ်သက်လုံကောင်းမလဲကွာ"

တကယ့်ကိုအဘိုးကြီးပေါက်စအသံနဲ့ပြောလာတဲ့မင်းသားရှောင်းအားအမြင်ကပ်စွာ

"ကျနော့ကိုအသက်ငယ်ငယ်ပြောရအောင် မင်းသားရှောင်းကတအားတွေအသက်ကြီးနေပြီမလို့လား"
ရိပေါ်စကားကြောင့်သူမျက်မှောင်ကြုံ့မိကာ
'ဒီကောင်လေး ငါ့အသက်ကိုတောင်မသိဘူးလားတဲ့ ဘယ်လိုများငါ့ကိုယူခဲ့လဲတော့မသိ စဥ်းစားလို့မရဘူး'

"မင်းကငါ့အသက်ကိုမသိဘူးလား"
သူ့အပြောကို ချွေးတွေရွှဲနေသည့်ကြားမှ သွားလေးဖြီးကာမသိကြောင်းပြလာတဲ့ကောင်လေးက တကယ်ရိုက်ချင်စရာ

"ဒီမှာ ငါ့အသက်ကနောက်၆နှစ်နေရင်၃၀ ပြည့်ပြီ"

သူ့အသက်ကိုချက်ချင်းမသိပါပဲ လက်ချိုးတွက်နေတဲ့ကောင်လေးက တကယ်ပဲဝမ်အိမ်ရှေ့စံဟုတ်ရဲ့လားဟု သံသယဝင်မိတာအမှန်

"အိုး...... jinjja အော်... တကယ်ကြီးလား
ဝါး...မထင်ရလိုက်တာ ကျနော်က ကျနော်နဲ့အသက်တူတူပဲလို့တောင်ထင်ထားတာ"

သူ့အားမျက်စောင်းထိုးလို့ခေါင်းငြိမ့်ပြလာတဲ့မင်းသားရှောင်းကတကယ်ကိုမထင်ရတာပါ တကယ်ကိုသူနဲ့အသက်တူတူပဲလို့ထင်ခဲ့တာ
အာ့ဆိုသူနဲ့မင်းသားရှောင်းနဲ့က ၆နှစ်.. ...

"တာ့ge.. ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ပေးပါ
တာ့ge..."

ရှောင်းကျန့်သူ့လက်မောင်းကိုကိုင်ကာ ပြောလာတဲ့ ရိပေါ်ရဲ့လက်အားဖယ်ချလို့
ဒီကောင်လေးကသူ့ကိုလှောင်နေသလိုပဲ

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now