Unicode
"နန်းတက်ပွဲကို လာမယ့်လပြည့်နေ့မှာကျင်းပမယ်လို့ကြားတယ်"
ဆရာ့ရဲအပြောကိုရိပေါ်ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာနားထောင်နေလိုက်သည်
သူတို့လည်းပြင်ဆင်စရာရှိတာပြင်ဆင်ပြီးကြပြီဆိုတော့ နန်းတော်ကိုပြန်ဖို့ပဲလိုတော့သည်"မင်းတို့နန်းတော်ကို လပြည့်နေ့မတိုင်ခင်သုံးရက်လောက်အလိုမှာပြန်မှဖြစ်လိမ့်မယ် အဲ့တာမှ ပိုပြီးအချိန်ယူနိုင်မှာ"
စစ်သူကြီးဝမ်ရဲ့စကားကို ရှောင်းကျန့်ထောက်ခံစွာခေါင်းငြိမ့်လိုက်လို့
"အင်း.. အဲ့တာဆို ကျနော်တို့ မနက်ဖြန်စထွက်လိုက်မယ် ကျနော် နေရာတစ်ခုလည်းဝင်စရာရှိသေးတာမလို့ "
ပြောလည်းပြောရိပေါ်ဘက်အကြည့်ရောက်မိတော့သူ့ရဲ့လက်အားစုပ်ကိုင်ကာ သူ့အားခေါင်း
ငြိမ့်ပြလာသည်
သူပြန်ပြုံးပြလို့ အကြည့်တွေကိုဆရာတို့ဖက်ပို့မိတော့"အင်း မနက်ဖြန်စထွက်ကြမယ်ဆို ငါမြင်းတွေကိုအခုကတည်းကပြင်ဆင်ထားခိုင်းလိုက်မယ် မင်းတို့လည်းစောစောအနားယူကြတော့"
ဆရာ့ရဲ့စကားကိုခေါင်းငြိမ့် လိုက်ကြကာ မီးပုံဘေးမှထလိုက်ကြသည်
ထို့နောက် သူတို့ရဲ့အဆောင်ဆီသို့...
"ကြယ်လေးတွေကလှတယ်နော်"
မအိပ်ချင်သေးဘူးဟုဆိုကာ အဆောင်ရှေ့မှကွပ်ပျစ်ပေါ်မှာဝင်ထိုင်ကြရင်း သူ့ပေါင်ပေါ်မှာခေါင်းအုံးလို့ ကောင်းကင်ကြီးကိုကြည့်ကာပြောလာတဲ့ရိပေါ်ရဲ့စကားကြောင့်
သူထောက်ခံစွာခေါင်းငြိမ့်လိုက်သည်"အင်း"
တစ်ခနတိတ်ဆိတ်သွားပြီးနောက်
"ကြယ်လေးတွေကလှတယ်နော်လို့"
ထပ်ထွက်လာတဲ့စကားကြောင့်
သူငုံ့ကြည့်မိတော့ ကောင်လေးကလည်းသူ့ကိုမော့ကြည့်နေသည်
ဘေးမှမီးတိုင်တွေရဲ့အလင်းရောင်ကြောင့် ကောင်လေးရဲ့မျက်နှာလေးကဝင်းနေသည်မှာ နှာလုံးလေးကအထင်းသား"အင်းလို့ လှတယ်လေ"
နဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးကိုသပ်တင်ပေးလို့ ပြောမိတော့ ကောင်လေးကထထိုင်လာကာ
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)