Part-35(End)

2.8K 121 5
                                        

Unicode

"မင်းသောက်ပိုတွေပြောနေတာရပ်လိုက်တော့ မဟုတ်ရင်ငါမင်းကိုတစ်ခုခုလုပ်မိလိမ့်မယ်နော်"

သူ့အနားလာလို့သူ့အ..ကျီကော်လံကိုဆွဲကာပြောလာတဲ့ရှောင်းကြောင့် ဝမ်ရိပေါ်ကြောက်နေလားဆိုတော့ မကြောက်ပါ ရှောင်းကိုအနီးကပ်တောင်မြင်ခွင့်ရသေးတာကြောင့်
သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်ပြလိုက်ကာ

"ကျနော့်ပုံကသောက်ပိုတွေပြောနေတဲ့ပုံပေါက်နေလို့လားတဲ့ တစ်ကယ်ပြောတာ အပေးအယူကိုလက်ခံလိုက် ကျနော်ကိုယ်တိုင်ကျမ်းစာတွေရှိတဲ့နေရာကိုလိုက်ပြမယ် ပြီးရင်အိမ်မပြန်နဲ့တော့ ကျနော်နဲ့တူတူနေ ဟဲဟဲ"

သူ့စကားကြောင့် ရှောင်းကသက်ပြင်းချလို့ နှုတ်ခမ်းကိုလျှာသပ်လိုက်တာကြောင့် ဝမ်ရိပေါ်တစ်ယောက် မွဆိုပြီး နမ်းပစ်ချင်စိတ်ကို ရှိရှိသမျှဘုရားစာတွေရွတ်ပြီးစိတ်ကိုငြိမ်အောင်ထားလို့ချုပ်တည်းထားရသည်
တော်ကြာ မွဆိုပြီးလုပ်လိုက်လို့ ဒိုင်းဆိုပြီးပစ်
ထည့်လိုက်ရင် ဝမ်ရိပေါ် နှစ်ဘဝလုံးရှောင်းနဲ့ဘာမှမဘာလိုက်ရပဲ လူဖြစ်ရှုံးသွားမစိုးလို့ရယ်

"ဒီမှာ မင်းဘာကြံစည်နေလဲတော့မသိပေမဲ့ မင်းအကြံအစည်ကိုငါကဖြစ်မြှောက်အောင်တော့လုပ်ခွင့်ပေးမှာမဟုတ်ဘူး အဲ့အစား...ခေါ်လာခဲ့"

ရှောင်းရဲ့စကားအဆုံး ဝင်ပေါက်ပွင့်လာကာ အထဲကိုဆွဲခေါ်လာခံရတဲ့ သကောင့်သားလေးဖန်ရှင်း သူ့ကိုမြငိသည်နှင့်

"ရိပေါ် ရိပေါ် ငါ့ကိုကယ်ပါအုံး ဘယ်ကလူတွေလဲမသိဘူး ငါ့ကိုနောက်ကနေဇာတ်ပိုးကိုရိုက်ပြီးခေါ်လာကြတာ အီးဟီး... သေတော့မလားမသိဘူး.."

"ဖန်ရှင်း ငါရှောင်းကိုပြန်တွေ့ပြီ အဲ့မှာ အဲ့မှာ
ရှောင်းသူ့ဖက်ခနလောက်လှည့်ပြလိုက်ကြည့်"

ရိပေါ် ပြုံးရွှင်စွာဖြင့် ရှောင်းဖက်ကိုမှေးငေါ့လို့ပြောမိတော့

"အီး..ဟီး.... နွားသတောင်းစားလေး လူကသေမလားရှင်မလားမသိတာကို သူကသူ့လင်ကိုလာပြနေသေးတယ် ဟင့်... အီး..."

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now