Part-21(ချစ်တယ်)

1.7K 129 18
                                    

Unicode

"လာထိုင်ကြ"
ဆရာနဲ့အတူ စားပွဲရှည်ကြီးမှာဝင်ထိုင်လိုက်ကြသည်

"ငါတို့ ဒီတစ်ကြောလုံးရှာပြီးသွားပြီ
ဒါပေမဲ့လူအရိပ်အယောင်မပြောနဲ့ ဝံပုလွေသိုက်ကိုတောင်မတွေ့ဘူး"

"ဒါဆို ဒီမှာဝံပုလွေသိုက်ရှိတယ်ဆိုတာ ဘာလို့ပြောနိုင်ရတာလဲဆရာ"
ရိပေါ်ရဲ့အမေးကိုဆရာကသက်ပြင်းအသာချလို့

"ညဘက် သန်းခေါင်ယံအချိန်တွေဆို ဝံပုလွေတွေရဲ့အုပ်စုဖွဲ့ အူသံတွေကိုကြားရတယ် ညတိုင်းကိုကြားရတာ အဲ့တာကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါတို့အရဲစွန့်ပြီး အူသံတွေနောက်လိုက်ခဲ့ပေမဲ့ အဲ့ဒီ့ရေတံခွန်နားရောက်တော့ရပ်သွားတယ် သေချာပေါက် ဝံပုလွေအသိုက်က အဲ့ဒီ့နားတစ်ဝိုက်မှာပဲရှိလိမ့်မယ် ဖြစ်နိုင်တာကရေတံခွန်ရဲ့အပေါ်ဘက် ငါတို့မရှာရသေးတဲ့နေရာ "

ဆရာ့ရဲ့စကားအား
ရိပေါ်ခေါင်းတငြိမ့်ငြိမ့်ဖြင့်စဥ်းစားမိသည်
ဒါဆို ဒီနားမှာရှာတာနှံ့နေပေမဲ့မတွေ့ဘူးဆိုတော့ ဝမ်စစ်သူကြီးကိုခရီးသွားတွေကပဲတွေ့ပြီး ကယ်သွားခဲ့တာလား
ဒါပေမဲ့ဝံပုလွေသိုက်ရှိတယ်ဆိုပြီးဒီတောကိုဘယ်သူမှမှခြေမချရဲတာ
ကျစ်.. မဖြစ်နိုင်ပြန်ဘူး
ဒါမှမဟုတ် ဒီနေရာမှာ လျို့ဝှက်နေရာတွေဘာတွေများရှိနေတာလား
အင်း.... ဇာတ်ကားတွေထဲမှာဆို အဲ့လိုပဲလေ လျို့ဝှက်နေရာတွေဘာတွေရှိတယ် ဥပမာ ကျောက်တုံးကိုဖိလိုက်ရင် ကျောက်တံခါးကြီးပွင့်သွားတာတို့ဘာတို့

"မင်းသားရှောင်း ကျနော်တို့ရေတံခွန်နားတစ်ချက်သွားကြည့်ရအောင်"

"ရိပေါ်ရယ် နားပါအုံးဒီတစ်ရက်တော့ မနက်ဖြန်မှရေတံခွန်တွေရော ဒီတစ်ဝိုက်လုံးသွားကြည့်ကြမယ် ရွှယ်ယန်ပြန်လာတာကိုစောင့်လိုက်အုံးမယ်"

မင်းသားရှောင်းရဲ့စကားကိုရိပေါ်ခေါင်းငြိမ့်လို့

"ဒါနဲ့ကျနော်တို့ဘယ်နားမှာနားရမှာလဲ ဆရာ"
ရှောင်းကျန့်ရဲ့အမေးကို ဆရာကတစ်ချက်ပြုံးလိုက်တာကြောင့် ကြောင်သွားရသည်

"လာ ငါလိုက်ပြမယ်"
လိုက်ပြမယ်ဆိုပြီးထသွားတဲ့ဆရာ့နောက် သူတို့နှစ်ယောက်အဝတ်ထုပ်တွေဆွဲလို့လိုက်လာခဲ့ကြသည်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now