Unicode
"ကျဲ ရိပေါ် ရိပေါ်အခြေအနေဘယ်လိုရှိလဲဟင် စိုးရိမ်ရလား "
ငိုထားတာကြောင့် မျက်လုံးတွေနီရဲနေကာ
သူထွက်လာတာနဲ့အပြေးတစ်ပိုင်းလာပြောတဲ့မင်းသားရှောင်းကျန့်ကြောင့်
သူသက်ပြင်းအသာချလိုက်ကာ"ဟင်း..."
"ဘာဖြစ်လို့လဲဟင် ကျဲ... ကျနော်ထင်သလိုမဟုတ်ပါဘူးနော် ကျနော်ထင်သလိုမဖြစ်ဘူးမလား ကျဲ ပြောပါအုံး ကျဲရဲ့.. ဟင့်"
ငိုတော့မယောင်ဖြစ်နေတဲ့မင်းသားကြောင့် ရိရှင်းအလျင်အမြန်ပင်
"မဟုတ်ပါဘူး မင်းသားထင်သလိုမဖြစ်ဘူး
ရိပေါ်မိတဲ့အဆိပ်ကလုံးဝကိုမပြင်းထန်ဘူး ဒီတိုင်းသာမာန် မူးရုံမေ့ရုံအဆိပ်မျိုး မုဆိုးတွေ သားကောင်ဖမ်းတဲ့နေရာမှာသုံးတဲ့အဆိပ်ပေါ့ ကျဲစဥ်းစားနေတာ ဘယ်ကမုဆိုးကများ ရိပေါ့်ကိုပစ်လိုက်လဲလို့ ပြီးတော့လူတစ်ယောက်လုံးကိုတောင် အကောင်တစ်ကောင်ကောင်အဖြစ်ထင်ရအောင် အဲ့မုဆိုးက အသက်တော်တော်ကြီးပြီးမျက်စိမှုန်နေသလားလို့လေ အာ့စဥ်းစားနေတာ"ကျဲရဲ့စကားကြောင့် ရှောင်းကျန့်ရင်ထဲမှအလုံးကြီးကျသွားရကာ ဝမ်းနည်းဝမ်းသာစိတ်တွေရောထွေးလို့ မျက်ရည်တွေသွင်သွင်စီးကျလာကာ စိတ်ကိုလွှတ်လို့အော်ငိုပစ်လိုက်သည်
"အီး ဟီး.. ဟီး... ရိပေါ်လေး.. သေသွားပြီလားလို့....ဟင့်... ကျဲကလည်း... ချက်ချင်းမပြောပဲ ... ဟင့် သက်ပြင်းချတော့... ကျနော်ကသေပြီမှတ်တာပေါ့လို့...အီး.. ဟင့်.. "
"အာ.. ကျဲတောင်းပန်ပါတယ် ကျဲစဥ်းစားမိသွားလို့ပါ မငိုပါနဲ့ တိတ်နော်.. တိတ်.. တိတ်"
အပြင်မှဆူညံသံတွေကြောင့် ရိပေါ်နိုးလာခဲ့သည်
'ငါသေသွားပြီထင်တယ် ဘယ်ရောက်နေပါလိမ့် 21ရာစုပြန်ရောက်သွားတာများလား
ဒါမဲ့ ငါ့နားထဲမှာ ဘာလို့ မင်းသားရှောင်းရဲ့ငိုသံကြီးကြားနေရတာလဲ စိတ်စွဲနေလို့များလား'အတွေးတွေကိုဖယ်လို့ မျက်လုံးကိုအားယူဖွင့်မိတော့ တွေ့လိုက်ရတဲ့မျက်နှာကျက်ကြောင့် သူဆေးရုံမှာမဟုတ် ဟိုလူနှစ်ယောက်သူ့ကိုဘယ်ခေါ်လာကြပါလိမ့်
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)