Part-14(အကြံအစည်ကောင်းလေးတစ်ခု)

1.6K 136 5
                                    

Unicode

"တောက် အဲ့ကောင် အဲ့ကောင်....  အား... နာလိုက်တာ"
ခါးကိုကုန်း ဗိုက်ကိုနှိပ်လို့ မျက်နှာကြီးရှုံ့မဲ့နေကာ
ကြင်ယာတော်ကိုကြိမ်းမောင်းနေတဲ့အိမ်ရှေ့စံမိဖုရားကိုကြည့်ပြီး ကျင်းလင်တစ်ယောက်ပါးစပ်ကိုလက်အုပ်လို့ အူတက်နေရသည်

အိမ်ရှေ့စံမိဖုရားဘာလို့ဒီပုံစံဖြစ်နေရသလဲဆိုတော့ကာ

Flash back

ကျင်းလင် မင်းသားနဲ့ မီးဖိုဆောင်ကိုရောက်တော့ ကြင်ယာတော်မရှိတာကြောင့် ဟင်းပွဲပြင်နေကြတဲ့အပျိုတော်တွေနားလိုက်စပ်စုနေလိုက်ကြသည်
ကြည့်နေကြရင်း
မိဖုရားခေါင်ကြီးတို့ရဲ့ပွဲတော်ဖက်ကိုအကြည့်ရောက်မိတော့ အဲ့ပွဲတော်ကိုပြင်ဆင်ပေးနေတဲ့  အပျိုတော်ကသူ့ရန်သူတော်မနဲ့တူနေပါတယ်ဆိုပြီးသေချာကြည့်နေမိတော့ အမှန်တကယ်မဲချွန်မပင် အဲ့မဲချွန်မကဟိုဟိုဒီဒီလိုက်ကြည့်ပြီး မိဖုရားခေါင်တို့စားမဲ့ဟင်းတွေထဲကိုအမှုန့်တစ်ခုခုထည့်လိုက်တာကိုတွေ့လိုက်ရသည် ထည့်ပြီးသူမဟုတ်သလို အိန္ဒြေမပျက်

သူမျက်မှောင်ကြုံ့မိကာစဥ်းစားနေတုန်းအကြံဆိုးလေးကသူ့ဦးနှောက်ထဲကိုရောက်လာခဲ့သည်
ဆိုတော့အဲ့မဲချွန်မကို ပထုတ်ရမယ်

ဘေးကမင်းသားရှောင်းကိုကြည့်မိတော့ သူ့ခေါင်းထဲပေါ်လာတာက

"မင်းသား ကြင်ယာတော်ကိုဒီကိုခေါ်မှရမယ်"

"ဘာလို့လဲ ငါမခေါ်ရဲဝူး ဝမ်ဝမ်ကငါဒီမှာဆိုတာသိရင်ငါ့ကိုမခေါ်တော့ပဲနေမှာ "

ကျင်းလင်မင်းသားကိုမျက်စောင်းတစ်ချက်ထိုးလိုက်မိသည်
"အရေးကြီးတယ်လို့ပြောလိုက် မယ်မယ်ကြီးတို့ရဲ့ပွဲတော်ပြင်တဲ့နေရာမှာပြသနာရှိနေတယ်လို့
ကျင်းလင်ကပြောလိုက်တယ်လို့ "

"ငါ့ကိုစိတ်ဆိုးရင်ဘယ်လိုလုပ်မှာလဲ"
နှုတ်ခမ်းကိုဆူလို့ ပြောလာတဲ့ရှောင်းမင်းသားလေးက လာချင်တော့လည်းသူပဲ ဟိုကစိတ်ဆိုးမှာကြောက်နေတာလဲသူပဲ
ဒါမဲ့ဒီကိုရောက်လာလို့သာခုလိုမသမာမှုကိုတွေ့မြင်ရတာ မင်းသားကိုကျေးဇူးတော့တင်ရမည်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now