Unicode
"ကျနော်မျိုးကတော့ ဘုရင်ကြီးရှောင်းရိရန်နဲ့ ဘုရင်ကြီးရဲ့ညီကိုလုပ်ကြံခဲ့တဲ့သူပါ
ကျနော်မျိုးအရင်ကတောတွင်းဓားပြတစ်ယောက်ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ကျနော်မျိုးလူမသတ်ခဲ့ပါဘူး ပြီးတော့ကျနော်မျိုးတို့က လူဆင်းရဲတွေထက် လူချမ်းသာတွေကို ပစ်မှတ်ထားပြီးဓားမြတိုက်ခဲ့တဲ့အဖွဲ့တစ်ခုပါ တစ်နေ့ ကျနော်မျိုးတို့ရဲ့အဖွဲ့ အမတ်ကျောက်ရဲ့လူတွေဖမ်းဆီးချုပ်နှောင်တာကိုခံခဲ့ရပါတယ် အဲ့မှာအမတ်ကျောက်ကကမ်းလှမ်းမှုတစ်ခုလုပ်လာခဲ့တယ် အဲ့တာက ဘုရင်ကြီးကိုသတ်ဖို့ပါ ကျနော်မျိုးငြင်းဆိုခဲ့တော့ လက်မခံမချင်း ကျနော်မျိုးရဲ့အဖွဲ့ထဲကလူတွေကိုတစ်ယောက်ချင်းဆီသတ်ပစ်ခဲ့တော့ နောက်ဆုံးမတတ်နိုင်ပဲလက်ခံခဲ့ရပါတယ်အဲ့ဒီ့နေ့ကကျနော်မျိုးဘုရင်ကြီးကိုပဲသတ်ခဲ့တာပါ ဘုရင်ကြီးရဲ့ညီကိုမသတ်ခဲ့ဘူး ကျနော်မျိုး ဘုရင်ကြီးကိုဓားနဲ့ထိုးပြီးထွက်လာတဲ့အချိန်မှာ ဘုရင်ကြီးရဲ့ညီကနေပြီး ကျနော့်လက်ထဲကိုသတိမေ့ နေတဲ့မင်းသားရှောင်းကိုထည့်သွားခဲ့ပြီး မီးတွေဟုန်းဟုန်းတောက်နေတဲ့အဆောင်ထဲကိုပြန်ဝင်သွားခဲ့တာပါ ကျနော်မျိုးလည်းမင်းသားရှောင်းကိုပဲခေါ်ပြီးပြန်ထွက်လာခဲ့တာ
အထဲမှာဘာတွေဖြစ်သွားလဲဆိုတာကိုမသိခဲ့ဘူး.."ရှေ့မှလူရဲ့စကားကြောင့်ရှောင်းကျန့်စဥ်းစားမိလိုက်ကာ
"အဲ့ဒါဆို ဦးရီးတော်ရဲ့ လက်မှာရှိနေခဲ့တဲ့ဒဏ်ရာက ဓားဒဏ်ရာမဟုတ်ခဲ့ဘူးပေါ့"
"ဟုတ်ကဲ့မင်းသားရှောင်း ကျနော်မျိုး ဘုရင်ကြီးကိုသတ်ပြီးပြန်ထွက်တဲ့အချိန်မှ ဘုရင်ကြီးရဲ့ညီနဲ့တွေ့ခဲ့တာပါ နှစ်ညလောက်နေတော့ အမတ်ကြီးကျောက်က သူနဲ့အတူ သေရည်သောက်ဖို့ခေါ်လို့ ကျနော်အမတ်ကြီးကျောက်ချိန်းတဲ့နေရာကိုသွားခဲ့ပါတယ် သူကရွှေစအိတ်ကိုထုတ်ပြီးကျနော်မျိုးကိုပေးတော့ ကျနော်မျိုးလည်းသူနဲ့အတူ သေရည်သောက်ခဲ့တယ် ဒါပေမဲ့ခနအကြာမှာ ကျနော်သတိမေ့သွားပြီး နိုးလာတဲ့အချိန်မှာ ကျနော်မျိုးကို ကြိုးတွေနဲ့တုတ်ထားတာကိုသတိထားမိခဲ့တယ် ပြီးတော့ကျနော်မျိုးကိုခြေတံရှည်ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ခိုင်းပြီး ကျနော့ရဲ့ခြေထောက်နှစ်ဖက်လုံးကို အရှင်လတ်လတ်ဖြတ်ပစ်ခဲ့တယ် ပြီးတော့ ကျနော့်ဗိုက်ကိုဓားနဲ့ထိုးလိုက်ပြီး ကျနော်မျိုးကိုမြစ်ထဲကိုပစ်ချခဲ့တယ်ထင်တယ် ကျနော်မျိုးသတိရတော့ရွာတစ်ရွာရောက်နေပြီး ကျနော်မျိုးကိုမြစ်ထဲမှာရှာတွေ့ခဲ့တယ်လို့ပြောတယ်
ကျနော်မျိုးမှာအပြစ်ရှိပါတယ် အပြစ်ကိုလည်းကျေကျေနပ်နပ်ကြီးခံယူမှာပါ တောင်းဆိုချင်တာတစ်ခုက အဲ့လူကိုသေချာပေါက်ပြင်းထန်တဲ့အပြစ်ပေးပေးပါ ကျနော်မျိုးတို့ကိုလုပ်ခဲ့သလိုပဲ သူ့ကိုလည်း ဒုက္ခိတဘဝရောက်ပြီးမှ မချိမဆန့်နဲ့သေအောင်လုပ်ပေးပါ ကျနော်မျိုးအဲ့တစ်ခုပဲတောင်းဆိုပါရစေ"
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)