Unicode
"ဘာလဲ ကျနော်ချောလို့အဲ့လောက်ကြီးစိုက်ကြည့်နေတာလား"
သူ့အပြောကြောင့်မင်းသားရှောင်းမှသူတို့အနေအထားကိုသတိရသွားဟန်
"အဟမ်း..."
လုပ်ချောင်းတစ်ခုဖန်တီးလို့ သူ့ပေါ်ဖိထားရာမှခွာသွားကာ ဘေးဘက်တွင်ထိုင်နေသည်
သူလည်းလှဲနေရာမှထထိုင်လို့
မင်းသားရှောင်းကိုကြည့်နေလိုက်သည်"မင်းငါ့ကိုဘာလို့မသတ်တာလဲ မင်းရဲ့သိုင်းပညာအရည်အချင်းနဲ့ဆို ငါခုခံချိန်တောင်ရမှာမဟုတ်ဘူး ဘာလို့လဲ"
အရင်ကမင်းသားရှောင်းနဲ့မတူစွာ သူ့အားစူးစိုက်ကြည့်လို့မေးလာတဲ့မင်းသားရှောင်းအား
သူ့လက်ထဲမှဓားမြောင်ကိုဓားအိမ်ထဲပြန်ထည့်လို့"မင်းသားရှောင်းကိုသတ်လိုက်ရင် ကျနော်မုဆိုးဖိုဖြစ်သွားမှာပေါ့ "
သူရယ်ကာနောက်ပြောင်ပြောလိုက်ပြီး မင်းသားရှောင်းကိုကြည့်မိတော့ သူ့အားမျက်မှောင်ကြုံ့ကာ စူးရဲစွာကြည့်နေပြန်သည်
အခြေအနေမဟန်တာကြောင့်သူမျက်နှာကိုပြန်တည်လိုက်ကာ"ကျနော်သာမင်းသားရှောင်းကိုသတ်လိုက်ရင် မိဖုရားယဲ့တို့ မယ်မယ်ကြီးတို့နဲ့ပြသနာတက်မှာပေါ့ အခုကျနော်မင်းသားရှောင်းကိုဓားနဲ့ခြိမ်းခြောက်တယ်ဆိုတာလဲ မင်းသားရှောင်းတကယ်ရူးမရူးစမ်းသပ်ချင်လို့"
"ငါ့ကိုဒီလိုမဖွယ်မရာတွေဝတ်ပြီးမြူစွယ်ခဲ့တာကလည်း ငါရူးမရူးသိချင်လို့ပဲလား"
မျက်နှာတည်နဲ့မေးလာတဲ့မင်းသားရှောင်းရဲ့အပြောကြောင့် သူ့ရဲ့ဖရိုဖရဲဖြစ်နေတဲ့ဝတ်ရုံတွေကိုပြင်လိုက်မိကာ"အင်းပေါ့ ဘာလို့ဆိုမင်းသားရှောင်းကအရမ်းရှက်တတ်နေလို့လေ အရူးတွေကမရှက်တတ်ဘူး တစ်ချို့အရူးတွေဆိုကိုယ်လုံးတီးကြီးနဲ့အပြင်မှာတောင် လျှောက်သွားနေကြတာ ဒါပေမဲ့မင်းသားရှောင်းကလေ ကျနော်နဲ့အဲ့လိုလေးကပ်လိုက်တာနဲ့ကိုရှက်နေလိုက်တာ တအားသိသာလို့"
ပြောလည်းပြော သူ့မျက်နှာနှင့်ရုတ်တရက်နီးကပ်လာတဲ့ ကောင်လေး ရဲ့မျက်နှာအား ရှောင်းကျန့်တစ်ခန ငေးကြည့်မိသွားသည်
ဒါပေမဲ့သူကြာကြာမကြည့်နိုင်ပါ နားရွက်တွေပူလာတာကြောင့်အမြန်အကြည့်လွှဲလိုက်မိသည်
ဒါကိုရှေ့မှကောင်လေးကရယ်လို့
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)