Unicode
"ဘာ... နင်တို့တော်တော်အသုံးမကျတာပဲ လူလေးအယောက်နှစ်ဆယ်ကို တစ်ဂိုဏ်းလုံးပေါင်းပြီးနိုင်အောင်မတိုက်နိုင်ခဲ့ဘူးဆိုတော့
နင်တို့ကိုငါကဘယ်နေရာသွားသုံးစားရတော့မှာလဲ ဟမ် တောက်"သူမမှာတော့ သီတင်းကောင်းကြားရတော့မယ်ဆိုပြီးပျော်နေလိုက်တာ
အခုတော့ သူတို့ကတောင်ဒဏ်ရာဗလပွနဲ့ပြန်လာခဲ့ရတယ်တဲ့
စိတ်ရှိလက်ရှိသတ်ပစ်လိုက်ရရင်တော့
တောက် နန်းတော်ရဲ့အားထားရတဲ့ဂိုဏ်းတဲ့
နာမည်နဲ့မှမလိုက်"ကျနော်တို့အစပိုင်းတုန်းကတော့အရေးသာနေခဲ့ပါသေးတယ် ဒါပေမဲ့ဘယ်ကမှန်းမသိတဲ့မျက်နှာကိုပဝါနဲ့အုပ်ထားတဲ့သူတွေက ရှောင်းနန်းတော်ဖက်ကနေပြီးဝင်တိုက်ပေးခဲ့လို့ အခုလိုအရေးနိမ့်ခဲ့ရတာပါ "
ရှေ့မှ ဂိုဏ်းခေါင်းဆောင်ရဲ့စကားအဆုံး သူမတွေးမိသည်
'ဒီကောင်တွေ သူ့ရဲ့အကြံအစည်ကိုကြို သိထားတာများလား'
အတွေးနဲ့အတူ သူမကြောက်လန့်လာရသည်
မဖြစ်ဘူး သိလို့မဖြစ်ဘူး"နင်တို့ သူတို့ရောက်နေတဲ့နေရာကိုစုံစမ်း တွေ့တာနဲ့ချက်ချင်းရှင်းပစ်
အေး ဒီတစ်ခါမအောင်မြင်လို့ကတော့ နင်တို့တစ်ဂိုဏ်းလုံးကို ငါ့ခဲအိုကိုပြောပြီးရှင်းပစ်ခိုင်းလိုက်မှာ ငါပြောတာသဘောပေါက်တယ်မလား"
သူမရဲ့အပြောကို ဂိုဏ်းခေါင်းဆောင်မှခေါင်းတစ်ဆတ်ဆတ်ငြိမ့်လို့ ထွက်သွားသည်ထို့နောက် တုန်ယင်စွာဖြင့်ထိုင်ချလိုက်မိသည်
သူမမှာကျောထောက်နောက်ခံ ချင်တိုင်းပြည်ရှိတယ်ဆိုပေမဲ့ အခုသူမက ရှောင်းနယ်မြေထဲမှာလေ ပြီးတော့သူမအဖေကလည်း သူမတာဝန်မပြီးဆုံးသေးခင်အထိ သူမကိုဒီမှာပဲနေဖို့အမိန့်ပေးထားခဲ့တာ
သူမတာဝန်က ရှောင်းတိုင်းပြည်ရဲ့မိဖုရားခေါင်နဲ့မယ်မယ်ကြီးကိုရှင်းပြီး ပုလ္လင်ကိုအရယူဖို့ပဲ ဒါပေမဲ့ အဲ့ကျိုးရိပေါ်ဆိုတဲ့ကောင်ဝင်ရှုပ်တာကြောင့် မိဖုရားခေါင်နဲ့မိဖုရားကြီးကိုသူမအချိုသပ်မရတော့
တွေးရင်းတွေးရင်း အဲ့ဒီ့ကောင်ကိုသတ်ပစ်ချင်လာသည်
သူမနန်းတက်ပွဲကိုအမြန်စီစဥ်ဖို့ မိဖုရားခေါင်ကိုအချိုသပ်မှရမည် အဲ့တာမှ သူမအမြန်ဆုံးရှောင်းတိုင်းပြည်ကြီးကိုသိမ်းပိုက်နိုင်မှာ
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)