Unicode
သူအတိတ်ကိုပြန်ကူးပြောင်းလာတာများလား
အိပ်မက်ထဲကဘိုးဘေးပြောသလို ကံကြမ္မာကသူ့ကိုပေးတဲ့တာဝန်ကြောင့်ပဲလား
ပြီးတော့ရှေ့ကသူ့ကိုသခင်လေးလို့ခေါ်နေတဲ့မိန်းကလေးကရောဘယ်သူလဲ အကယ်၍ အတိတ်ကိုပဲရောက်လာတယ်ဆိုရင် အရင်ဆုံးသူဘယ်သူလဲဆိုတာသိရမှဖြစ်မှာပေါ့ ရှေ့ကမိန်းကလေးကသူ့ကိုသခင်လေးလို့ခေါ်တယ်ဆိုတော့သူ့ရဲ့အစေခံများလား ဒါမဲ့အစေခံပုံစံလည်းပေါက်မနေပါဘူး
ကျစ် ကိုယ့်ဘာသာကိုယ်မေးခွန်းတွေထုတ်မိပြီး စိတ်ရှုပ်လာရတာကြောင့် အပြင်မှမျက်နှာကပါမျက်မှောင်ကြုံ့နေမိသည်"ဒီက သခင်လေး အရမ်းမတွေးပါနဲ့ ကျနော်မျိုး မကသခင်လေးတောထဲမှာဒဏ်ရာတွေနဲ့လဲနေတာတွေ့လို့ ဒီကိုခေါ်လာခဲ့လိုက်တာပါ သခင်လေးဘာကြောင့်ဒီလိုဖြစ်လာမှန်းမသိရပေမဲ့ ကျမကသေချာပေါက် သခင်လေးကိုရန်ပြုမဲ့သူမဟုတ်ပါဘူး"
သူ့ရဲ့အတွေးတွေအား ရှေ့မှမိန်းကလေးကတစ်မျိုးထင်သွားပုံ ဒါပေမဲ့ ဒီမိန်းကလေးကသူ့ကိုမသိဘူးဆိုတာသိလိုက်ရပြီပဲလေ အဲ့ဒါမှဒုက္ခ ငါကလည်းငါ့ကိုယ်ငါမသိ သူကလည်းငါ့ကိုမသိ အဲ့ဒီ့တော့ငါဘယ်သူဆိုတာ ငါကဘယ်လိုသိရတော့မှာလဲတဲ့
အာဟုတ်သားပဲ"သခင်မလေး ဟိုဟာ မှန် မှန်ရှိလား"
"မှန် ဘာမှန်လဲ"
ကြောင်သွားတဲ့မိန်းကလေးကြောင့် 21ရာစုမှာမဟုတ်မှန်းသတိရသွားသည်
အရင်ခေတ်ကမှန်ကိုဘယ်လိုခေါ်ပါလိမ့်
"အော် ကြေးမှုံ ကြေးမှုံရှိလား""ရှိတယ် ရှိတယ်"
သူ့ကုတင်နားထိုင်နေရာမှထသွားကာ ကျဥ်းလည်းမကျဥ်း ကျယ်လည်းမကျယ်သည့်အခန်းတခုထဲသို့ဝင်သွားပြီး ခနအကြာ အဝိုင်းသဏ္ဍာန် သစ်သားလက်ကိုင်နှင့် မှန်ချပ်အားယူလာနေသည်
မှန်အားသူ့ကိုကမ်းလာသည်နှင့်ကြည့်လိုက်မိတော့ ပါးစပ်အဟောင်းသားပင်
ဒါ..ဒါ.. ဝါကျင့်ကျင့်မှန်ပေါ်တွင်အထင်အရှားပေါ်နေသည့် အိမ်မက်ထဲတွင်တွေ့ခဲ့ရသောဘိုးဘေးကောင်လေး၏မျက်နှာ သို့နောက် ဘယ်ဘက်ညှပ်ရိုးလေးပေါ်အကြည့်ရောက်သွားမိတော့
"王" တကယ်ကို ဒါဘိုးဘေးကောင်လေးရဲ့ခန္ဓာကိုယ်ပဲ ဒါဆို
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)