Part-13(စားဖိုမှူးလေး)

1.5K 123 2
                                    

Unicode

"ကျစ် နာလိုက်တာ ခများကဘာလို့ကျနော့ကိုပါဆွဲချတာလဲ ကျချင်ကိုယ့်ပါကိုယ်မကျဘူး"
နာသွားသည့်နဖူးလေးအားအသာပွတ်လို့ ပက်လက်အနေအထားဖြင့်ကြောင်နေဆဲဖြစ်သောမင်းသားရှောင်းအားအော်လိုက်သည်

သူအော်လိုက်မှမင်းသားရှောင်းကလဲအသိဝင်လာဟန်
"အီးဟီး............. သူများကနာနေပါတယ်ဆို လာအော်နေတယ် ဝမ်ဝမ်အကျင့်မကောင်းဘူး........."

"ရှူး တိတ်တော့ ကျနော်ကအော်တာမဟုတ်ပါဘူး
ဒီမှာလေ သွေးတွေတောင်ထွက်သွားတာကိုနာလို့အော်လိုက်သလိုဖြစ်သွားတာ sorry"
နှုတ်ခမ်းကိုလက်နဲ့ဖွဖွသုတ်လို့ပြောလိုက်သည်
ခုထိကိုထုန်နေကာလက်နဲ့ထိရင်နာတုန်း

"ဆောရီးကဘာလဲ"

"အာ sorryဆိုတာတောင်းပန်တယ်လို့ပြောတာ အနောက်တိုင်းစကား"

"aww"
ခေါင်းတငြိမ့်ငြိမ့်လုပ်ကာစဥ်းစားနေဟန်ရှိတဲ့မင်းသားရှောင်း​ကြောင့်သူလစ်ထွက်ရန်ကြံစည်ကာတံခါးဖက်ကိုလှည့်လိုက်တယ်ဆိုရင်ပဲ

"ငါလည်းလိုက်ချင်တယ်လေ ဝမ်စိတ်ပုပ်ရဲ့ ငါမအိပ်ချင်ဘူးတစ်ယောက်တည်းဖြစ်နေတာပျင်းစရာကြီး မီးဖိုဆောင်ရောက်ရင်ငါဘာမှမထိဘူး ငြိမ်ငြိမ်လေးပဲနေမှာ တကယ်"

"ကျစ် မလိုက်နဲ့လို့ ဟိုမှာဟင်းနံ့တွေနဲ့နော် မင်းသားရှောင်းကရေချိုးပျင်းပျင်းနဲ့ ညရောက်လို့ဟင်းနံ့တွေနဲဆိုကျနော်နဲ့လာမအိပ်နဲ့"
သုံးရက်တစ်ခါတောင်ရေချိုးဖို့မနည်းမနည်းကိုပြောရတဲ့သူကိုမီးဖိုဆောင်ခေါ်သွားဖို့ကလုံးဝမဖြစ်နိုင်တဲ့ကိစ္စ ငြိမ်ငြိမ်နေမယ်ဆိုတာကသူ့ကိုခေါ်အောင်လို့ ခေါ်များခေါ်သွားမိလို့ကတော့တစ်နေ့လုံးမီးဖိုဆောင်ကထွက်ရမှာမဟုတ်ဘူး မိဖုရားယဲ့တို့လည်းညစာငတ်မှာ

"ငါ့မှာဝမ်ဝမ်ပေးထားတဲ့ရေမွေးအိတ်ရှိတယ်လေ မနံပါဘူး နော်လိုက်မယ်နော်"

"မရဘူးဆိုမရဘူး ကျနော်စိတ်မဆိုးချင်ဘူး ကျနော့စကားနားမထောင်ရင် မင်းသားရှောင်းကိုမခေါ်တော့ပဲနေလိုက်မှာနော်"
သူ့စကားကြားပြီးတာနဲ့မင်းသားရှောင်းတစ်ယောက်ငိုတော့မယောင်မျက်နှာလေးဖြစ်သွားကာ ကုတင်ပေါ်ထိုင်နေရာကလဲချပြီးသူနဲ့ဆန့်ကျင်ဖက်ကိုလှည့်သွားတော့သည်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now