Part-24(ချစ်တယ်)

2K 142 4
                                        

Unicode

သူတို့ဒီကိုရောက်နေတာတောင် တစ်လပြည့်တော့မည်
ဟိုအမွေစိန်ကလည်းနားလန်ပြန်ထူလာသလို
သူတို့လည်းသဲလွန်စတွေတော်တော်များများရနေပြီ

ပြီးတော့ သူလည်းစကားပြန်ကြီးလုံးလုံးဖြစ်တော့မယ် ဘာလို့ဆို ကျဲနဲ့အမွေစိန်တို့သူငယ်ချင်းတွေဖြစ်သွားခဲ့လို့ပင် ကျဲကလည်းအေးတယ်လို့ထင်ရပေမဲ့အတော့်ကိုစကားများလှသည် အမွေစိန်ကလည်းထိုနည်းလည်းကောင်း
အမွေစိန်နားကိုကျဲလာပြီဆိုတာနဲ့ သေချာပေါက်သူကလည်းမရှိမဖြစ် ဘာလို့ဆို သူတို့ကတစ်ယောက်စကားတစ်ယောက်မှနားမလည်ကြတာ

သူ့မှာ ကျဲနဲ့အမွေစိန်ရဲ့အလယ်မှာထိုင်ပြီး တစ်နေ့လုံး ဒါမှမဟုတ် နေ့လည်တစ်ပိုင်းလောက်အထိ အမွေစိန်နဲ့ကျဲပြောသမျှစကားတွေကိုဘာသာပြန်ပေးနေ ရတာကြောင့်
သူ့မှာ မင်းသားရှောင်းနဲ့တွေ့ချိန်က မနက်ထချိန်နဲ့ညအိပ်ချိန်သာ မင်းသားရှောင်းကလည်း ကျဲလာခေါ်တာနဲ့သူ့အားအိပ်နေဖို့နေမကောင်းချင်ယောင်ဆောင်ဖို့အမြဲပြောသည် အဲ့ဒါနဲ့သူနေမကောင်းဘူးဆိုပြီးလိမ်လိုက်တာကို
ကျဲကဘယ်လိုလုပ်ပြီးအမွေစိန်ကိုခေါ်လာတယ်မသိ သူ့အဆောင်မှာလာပြီး စကားပြောကြတာ သူ့မှာအိပ်ယာထဲမှာလဲနေလျက် တကယ်ကိုဖျားချင်သွားရသည်

ဒီနေ့တော့ သူနဲ့မင်းသားရှောင်းမနက်အစောကတည်းကထွက်လာလိုက်ကြသည်
အမွေစိန်ရော ကျဲရောမနိုးသေးတဲ့အချိန်ပေါ့

"ရိပေါ် "

"ဟင်"

ရုတ်တရက်တောလမ်းလေးအတိုင်းလမ်းလျှောက်နေရင်းမှသူ့နာမည်ကိုခေါ်လာတဲ့မင်းသားရှောင်းကြောင့်သူထူးလိုက်ကာ မင်းသားရှောင်းကိုမော့ကြည့်မိတော့
မင်းသားရှောင်းရဲ့ဘေးတစ်စောင်းမျက်နှာလေးကို အခုမှထွက်ကာစ နေရောင်တလက်လက်ကကျရောက်နေတာကြောင့် မင်းသားရှောင်းကယနေ့မှပိုပြီးခန့်ညားနေသယောင်

"မင်းမှာ မင်းချစ်ရတဲ့သူရှိခဲ့ဖူးလား"

ရုတ်တရက်မေးလာတဲ့မေးခွန်းကြောင့်သူပြုံးလိုက်မိကာ

"ဟင့်အင်း မရှိဖူးဘူး တစ်လျှောက်လုံးကျနော့ကိုယ်ကျနော်ပဲချစ်လာခဲ့တာ"

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now