Part-29(မျက်ရည်တွေကသုတ်မနိုင်စွာ)

1.6K 87 2
                                        

Unicode

"စစ်ကျွေး....."

စစ်ကျွေးတစ်ယောက် သူ့ရဲ့ချစ်လှစွာသော
ကုချင်းလေးအား သန့်ရှင်းပေးနေစဥ် ရှေ့ကနေပြီး သံရှည်ဆွဲလို့ပျင်းရိပျင်းတွဲဖြင့်သူ့နာမည်အားခေါ်လိုက်သည့်မင်းသားရှောင်း​ကြောင့် သက်ပြင်းအသာချလိုက်မိကာ

"ဟုတ်ကဲ့ ထပ်ပြီးသွားခေါ်ပေးရအုန်းမှာလား မင်းသားရှောင်း"

သူ့စကားကိုခေါင်းငြိမ့်လို့ မျက်လုံးများမှေးသည်အထိပြုံးပြနေတဲ့မင်းသားရှောင်းက ကြင်ယာတော်ရှေ့ကြရင်တော့အခုလိုမဟုတ် မသိရင်ပဲကြင်ယာတော်ကို သူတို့ကပြန်ပေးဆွဲသွားတော့မလို ကြင်ယာတော်ရဲ့ဘေးနားနည်းနည်းလေးတိုးရပ်လိုက်တာနဲ့ကို အလယ်ကနေကြားဖြတ်ရပ်ပြီး သူတို့ကိုထိုးပါတော့တယ် မျက်စောင်းကြီးနဲ့

ကြင်ယာတော်ကြပြန်တော့လည်း သူတို့ရှေ့ဆိုရင်တော့ တစ်လောကလုံးကိုလူလို့ကိုမထင်ပုံ လက်ကြီးနောက်ပစ်လို့ မျက်နှာတည်ကြီးဖြင့်
မင်းသားရှောင်းရှေကြရင်တော့ မျက်လုံးဝိုင်းလေးတွေနဲ့မခုတ်တတ်တဲ့ကြောင်လေး

တော်ရုံနဲ့မလန့်တတ်တဲ့ကြင်ယာတော်က မင်းသားရှောင်းနဲ့ဆို ကြောင်လေးရှေ့ကနေခုန်ထွက်လာတာတောင်လန့်တတ်ပါသည်တဲ့ တစ်ယောက်တည်းဆို ဓားပျံလာလာ မြှားပျံလာလာ မျက်တောင်လေးတောင်မခတ်သည်ကို

ကြင်စဦးလေး တွေဆိုတော့လည်း

အခုလည်း နောက်ထပ်တစ်ခေါက် မီးဖိုဆောင်ကိုသွားရပါအုံးမည်
ဒါနဲ့ဆို သူသွားတာ ငါးခေါက်မြောက်
မင်းသားရှောင်းကိုကြည့်မိတော့ ရှေ့အခေါက်တွေတုန်းကလိုပဲ မျက်နှာချိုသွေးပြီးသွားကြီးဖြီးလို့
ဟင့်... မင်းသားရှောင်းတို့ကြင်စဦးနဲ့ကြမှပဲ စစ်ကျွေးတစ်ယောက် အချစ်စိတ်ပျောက်တယ် သူအချစ်မှာမနှစ်မြောချင်တော့ဘူး
တစ်ကယ်

...

"ကျနော်.. ကျနော် တစ်ကယ်မယူပါဘူး.. အီး..ဟီး..... "

"တောက်... လက်ပူးလက်ကျပ်မိတာတောင် ဗြောင်ငြင်းချင်သေးတယ် လာကြစမ်း သူ့ကိုချုပ်ထားကြ"

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now