intro...

37.6K 1.4K 243
                                    

#Unicode

ဆူညံသံတွေနှင့်အတူ ကွဲကျနေသော ပန်းအိုးများနှင့် ဖန်ခွက်များ ။
ဒေါသတကြီးဖြင့် အရာအားလုံးကို ဖျက်ဆီးနေသည့် လူငယ်လေးတစ်ဦး ။

"တော်လောက်ပြီ Kim Tae... မင်း သောင်းကျန်းလို့ဝရင် ဦးငယ်တို့စကားပြောမယ်"

အေးအေးလူလူပင် လူကြီးတစ်ယောက်က စကားဆိုလာသည် ။
အသံကအစ သြဇာလွှမ်းပြီး တည်ကြည်လွန်းသည် ။

"ဘာမှပြောစရာမရှိဘူး! ဦးငယ် လွန်လွန်းတယ်! တကယ်လွန်တယ်!"

လူငယ်လေးသည် ဒေါသတကြီးအော်ဟစ်နေပြီး ဝမ်းနည်းပက်လက်ငိုရှိုက်နေပြန်သည် ။
သွေးဆူလွယ်တဲ့ အရွယ်လေးပေမို့ ဒေါသကို ထိန်းချုပ်ဖို့မလွယ်တာလဲဖြစ်၏ ။

"ဦးငယ်... ကျွန်တော်တို့ကွာရှင်းကြရအောင်"

"Tae!"

လူငယ်လေး၏စကားကြောင့် ဘေးမှာ စိုးရိမ်တကြီးရပ်ကြည့်နေသည့်ကောင်ကလေးတစ်ယောက်က အထိတ်တလန့်ဖြစ်သွားရှာသည် ။ကာယကံရှင် လူကြီးကတော့ ဘာမှမတုံ့ပြန်သေးပေ ။

"ဘာလဲ Jimin...မင်းက ငါမှားတယ်လို့ထင်လို့လား! မင်းရဲ့ ဦးလေးက ငါ့အပေါ် ဘယ်လိုလုပ်ရက်တွေလုပ်ခဲ့လဲဆိုတာ မင်းသိရဲ့လား!"

Jiminမှာ Taehyung ဘက်ကလိုက်မပေးနိုင်ပေ ။ မျက်နှာငယ်လေးနှင့်သာရပ်ကြည့်နေမိ၏။

"Kim Tae..အိမ်ထောင်ရေးတစ်ခုက ကလေးကစားစရာမဟုတ်ဘူး Kim Tae! ပေါင်းချင်တိုင်းပေါင်း .. ကွာချင်တိုင်းကွာလို့ရမယ်ထင်လို့လား ! အထူးသဖြင့် မင်းလက်ထပ်ယူထားတာက ငါဆိုတဲ့ Jeon Jungkook ဖြစ်နေတာလေ!"

"ဒါဆိုရင် ဦးငယ်ကရော .. ကျွန်တော့်ကိုတကယ်ပဲချစ်ရဲ့လား ။ ကျွန်တော် ဦးငယ်ရဲ့အချစ်တွေကို သံသယဝင်လာပြီ"

Necktie ကိုဖြေလျော့၍ လေပူတွေကို Jungkook မှုတ်ထုတ်လိုက်သည် ။ ထို့နောက် Taehyung ၏ ပခုံးနှစ်ဖက်ကိုကိုင်ကာ

"Kim Tae... ဦးငယ်ကိုသေချာကြည့်စမ်း"

အမိန့်ဆန်သည့်ထိုစကားကို Taehyung ငြင်းပယ်နိုင်စွမ်းမဲ့နေပြန်သည် ။
သခင့်အလိုတော်ကျ မျက်လုံးတွေကို စေ့စေ့ကြည့်ပေးလိုက်၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now