Episode 17

10.2K 855 72
                                    

#Unicode


"ချစရာသိက္ခာရော မင်းမှာရှိနေသေးလို့လား! မင်းကိုယ်မင်းရော မှန်ကန်နေတယ်ထင်လား Kim Tae ဟမ်!"

ဦးငယ်ရဲ့ထိုစကားတွေကြောင့် သူမယုံကြည်နိုင်စွာဖြင့် ဦးငယ်ကိုကြည့်လိုက်သည် ။
သိက္ခာတရားဆိုတာ မရှိဘူးတဲ့လား။
အဲ့ဒီစကားကို ဦးငယ်ရဲ့ပါးစပ်ကနေပြောထွက်တာကို အံ့သြလို့မဆုံးပေ ။
နှလုံးသားထဲကနေ နာကျင်ရသလို တစ်ဆက်တည်းမှာပင် ဒေါသတွေလည်းထွက်လာမိသည် ။
ဦးငယ်ကသူ့ကို ရစရာမရှိအောင်စော်ကားပစ်လိုက်တာဖြစ်၏ ။

'ဖြောင်း!'

မရည်ရွယ်ပေမယ့် ဦးငယ်၏ပါးကို ရိုက်ချပစ်လိုက်မိသည် ။
ဦးငယ်ကိုချစ်တယ်ဆိုတာမှန်ပေမယ့် အဲ့ဒီအချစ်တွေက ဦးငယ် စော်ကားဖို့အတွက်တော့ မဟုတ်ပေ။

"Kim Tae! မင်း!"

ဦးငယ်က သူရိုက်လိုက်တဲ့ပါးကို ကိုင်ထားရင်းဖြင့် ဒေါသတကြီးအော်ဟစ်နေသည်။
ဦးငယ် ဘယ်လောက်တောင်ဒေါသထွက်နေမလဲဆိုတာ သူသိပါ၏ ။

"ကျွန်တော့်ကိုမစော်ကားနဲ့ ဦးငယ်! ကျွန်တော်က ဘယ်လောက်ပဲချစ်ပါစေ .. ကျွန်တော့်အချစ်တွေကိုတော့ လာမစော်ကားနဲ့! ကျွန်တော့်မှာ ချစရာသိက္ခာတောင်မရှိဘူးတဲ့လား.. အဟင်း.. ဒါဆိုရင် အဲ့ဒီ သိက္ခာမရှိတဲ့ကောင်ကို ဦးငယ်ဘာလို့ လက်ထပ်ခဲ့သေးလဲ! "

ဦးငယ်က ဘာမှပြန်မပြောဘဲ လက်သီးကိုတင်းတင်းဆုပ်၍ အံကြိတ်ထားသည် ။
Kim Tae မဲ့ပြုံးပြုံးလိုက်ပြီး

"သိက္ခာမရှိဘူး .. အရှက်မရှိဘူးဆိုတာ ဘယ်လိုပုံစံလဲဆိုတာ ဦးငယ်သိအောင် ကျွန်တော်ပြပေးရမလား .."

"တော်စမ်း Kim Tae! အဓိပ္ပာယ်မရှိတဲ့စကားတွေပြောပြီး ငါ့ကိုအရွဲ့တိုက်မနေနဲ့! "

"ကျွန်တော် ဦးငယ်ကိုစိတ်ပျက်လာပြီ... ဘယ်လိုမှ ဖြည့်တွေးပြီး နားလည်လို့တောင်မရအောင်အထိပဲ "

Kim Tae ရဲ့ထိုစကားကြောင့် Jungkook ၏မျက်လုံးအိမ်ထဲတွင် ထိတ်လန့်နေတဲ့ အရိပ်အယောင်လေးတွေ ကိန်းအောင်းလာခဲ့သည် ။
Kim Taeကသူ့ကို စိတ်ပျက်လာပြီတဲ့လား။
ဒါက အနားကနေထွက်သွားချင်တဲ့ အဓိပ္ပာယ်လား ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now