Episode 7

12.2K 992 85
                                    

#Unicode

ဦးငယ်ပြောတဲ့ကိစ္စကိုလုပ်ပေးဖို့အတွက် Taehyung တွန့်ဆုတ်နေမိသည် ။ ဦးငယ် ငြိုငြင်သွားမှာစိုးပေမယ့် သူ Ju Young ကို လူသိရှင်ကြားငြင်းလိုက်လျှင် အဖေရော CEO Min ရောက သူ့ကိုအရမ်းစိတ်ဆိုးသွားနိုင်သည် ။ မိတ်ရင်းဆွေရင်းတွေဖြစ်နေတဲ့ Min မိသားစုနှင့်လဲ မျက်နှာပျက်ရမည်။ အဆိုးဆုံးအချက်က မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Ju Young အရှက်ကွဲလိမ့်မည်ဖြစ်သည် ။
Min Ju Young ကို မချစ်သော်လဲ သူ့ဘက်ကစပြီး လူသိရှင်ကြားငြင်းဖို့အထိတော့ သူမလုပ်ရက်ပါပေ ။
ထို့ကြောင့် အကောင်းဆုံးဖြစ်နိုင်သည့် နည်းလမ်းတစ်ခုကို စဥ်းစားကာ ဆုံးဖြတ်လိုက်သည် ။
လက်ထက်ပွဲကိစ္စကို Min Ju Youngကိုပဲ ငြင်းခိုင်းမည် ။
ဒါဆိုရင် Min Ju Young အရှက်မရစေနိုင်တော့ပေ ။

"ငါ့ကိုခေါ်တာ ဘာပြောစရာရှိလို့လဲ Taehyung "

မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ဝင်၍ထိုင်လိုက်တဲ့ Ju Young ၏ မျက်နှာက ပုပ်သိုးသိုးပင်။
သူ့ကို အခဲမကျေတာလဲဖြစ်ကောင်းဖြစ်နိုင်၏။

"ငါနင့်ကို အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ Ju Young ... အကူအညီဆိုတာထက် နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိနှိုင်းတဲ့သဘောပါပဲ"

Ju Young ကဘာမှပြန်မပြောဘဲ မျက်နှာသေဖြင့်သာငြိမ်၍နားထောင်နေသည် ။
ထို့ကြောင့် Taehyung လဲဆက်ပြောဖို့သာကြိုးစားလိုက်သည် ။

"ငါ့ချစ်သူက နင်နဲ့ငါ့ရဲ့ကိစ္စကို လူသိရှင်ကြားငြင်းဖို့ပြောတယ် ။ ငါ့ဘက်ကစပြီးငြင်းရင် နင့်ရဲ့သိက္ခာကျနိုင်တာမို့ နင့်ဘက်ကပဲ လူသိရှင်ကြားငြင်းပေးပါ Ju Young"

ထိုစကားအဆုံးတွင် Ju Young က ခြောက်ကပ်စွာရယ်သည် ။ ထိုရယ်သံတွင် နာကျင်မှုတွေလဲ တိုက်ရိုက်ပါဝင်နေပါ၏။

"ကောင်းပါပြီ ။ ငါ့ရဲ့သိက္ခာကို ထည့်တွက်ပေးလို့ ကျေးဇူးပါပဲ Taehyung ... နင်ဖြစ်ချင်သလိုဖြစ်စေရမယ်"

စီးကျလာမယ့်မျက်ရည်တွေကို Ju Young ပုတ်ထုတ်ပစ်လိုက်သည် ။
Kim Taehyung နှင့် ပတ်သက်လျှင် သူမကသိပ်ပြီး ပျော့ညံ့လွန်း၏ ။
အခုလိုခံစားချက်တွေခံစားနေရတဲ့ သူမကိုယ်သူမလဲ အားမလိုအားမရဖြစ်မိသည် ။
ယောက်ျားတစ်ယောက်အတွက် အလဲလဲအပြိုပြိုဖြစ်နေတဲ့ပုံစံကို သူမ မုန်းမိ၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now