Episode 36

8.6K 831 108
                                    

#Unicode

ဦးငယ်က ကတိတည်ခဲ့ပါသည် ။ သိသိသာသာပြောင်းလဲပေးခဲ့ပြီး Taehyungနှင့် Ye Joonတို့ကို ပျော်ရွှင်မှုတွေပေးသည်။ သို့ပေမဲ့ Taehyungကတော့ အေးစက်စက်သာနေခဲ့သည် ။ Taehyung အတွက်တော့ ဦးငယ်ရဲ့ဂရုစိုက်မှုတွေမှာ အသားကျနိုင်ဖို့မလွယ်ကူသေး ။

"Kim Tae.... ဒီကိတ်မုန့်လေးလာစားကြည့်"

Kim Tae မနက်စာမစားတော့ဘဲ ဒီအတိုင်းသွားဖို့လုပ်ထားပေမယ့် ဦးငယ်က လှမ်းခေါ်သည် ။ ထို့နောက် သူကြိုးစားပမ်းစားလုပ်ထားသည့် ကိတ်မုန့်လေးကို စားခိုင်းလို့နေ၏ ။

"ကျွန်တော် မစားတော့ဘူး "

"ဘာလို့လဲ ။ Kim Tae နဲ့ Ye Joonလေးကြိုက်တဲ့ စတော်ဘယ်ရီအရသာလေးလုပ်ထားတာ ။ ဦးငယ် အပင်ပန်းခံပြီးကြိုးစားထားတဲ့ဟာ"

ဦးငယ် ကြိားစားထားသည်ကိုတော့ Kim Tae လက်ခံရမည်ထင်၏ ။ နံဘေးမှာ ပုံပျက်နေသည့် ကိတ်မုန့်ပေါင်းများစွာနှင့် အပျက်အစီးပေါင်းများစွာအပြင် ဦးငယ်၏မျက်နှာနှင့် Apronတို့သည်လည်း ပေပွလို့နေ၏ ။အခုလို လှလှပပကိတ်မုန့်လေးထွက်လာဖို့အတွက် အထပ်ထပ်အခါခါကြိုးစားခဲ့ဟန်တူသည် ။

"အခု စားချင်စိတ်မရှိသေးဘူး"

"ဒါဆိုရင် ကျောင်းကိုထည့်သွားလေ နော်.. ဦးငယ် သေချာလေး ထုတ်ပိုးပေးလိုက်မယ်"

Kim Tae အင်းမလှုပ်အဲမလှုပ်ဘဲ ငြိမ်သက်၍သာ ရပ်စောင့်နေလိုက်၏။ ဦးငယ်ကတော့ Kim Taeအတွက် ကိတ်မုန့်ကို သေချာထုတ်ပိုးပေးနေလေသည် ။

"ဒီနေ့တော့ လိုက်မပို့နိုင်တော့ဘူး ။ ဦးငယ် တစ်ကိုယ်လုံး ပေပွနေပြီ ။ ဦးငယ်အစား Jimin ပါလာလိမ့်မယ်.."

"အင်း"

Jimin လိုက်ပို့တော့ ပိုကောင်းသည်ဟုတောင် Taehyung တွေးလိုက်မိသည်။ ဦးငယ်နှင့်ဆို သိပ်ပြီး သက်သောင့်သက်သာမဖြစ်သည်မို့ Taehyung အတွက် အနေရခက်စေ၏ ။

"ကောင်းကောင်းစားနော်... အချစ်တွေအပြည့်နဲ့ သေချာလုပ်ပေးထားတာ"

ဦးငယ်လှမ်းပေးသည့် ကိတ်မုန့်ဘူးလေးကို Taehyung အလျင်အမြန်လှမ်းယူကာ နေရာကနေ ခပ်သွက်သွက်သာ ထွက်လာလိုက်တော့သည် ။ မဟုတ်လျှင် ဦးငယ်ရဲ့အဲ့ဒီ အပြောအဆိုတွေကြားမှာ ရုန်းထွက်ဖို့ခက်ပြီး တုံ့ပြန်နိုင်စွမ်းမဲ့နေတော့မည် ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now