Episode 27

9.1K 853 189
                                    

#Unicode

"ဦးငယ်...ကျွန်တော့်ကို စကားလေးတစ်ခုခုတော့ပြောပါဗျာ"

သတိရလာပေမယ့် မလှုပ်မယှက်ငြိမ်သက်နေတဲ့ ဦးငယ်ကြောင့် Jiminငိုယိုကာ စကားပြောဖို့ တောင်းပန်နေမိသည် ။ သို့ပေမဲ့ ဦးငယ်က ဒီအတိုင်းသာငြိမ်သက်နေလေ၏ ။

"ကျွန်တော် ဘာဆက်လုပ်ပေးရတော့မလဲ ဦးငယ်"

ထိခိုက်ဒဏ်ရာက ပြင်းထန်သည်လား ဒါမှမဟုတ် ဦးငယ်ရဲ့စိတ်ကပဲ ဦးငယ်ကို နာကျင်စေသလားဆိုတာ Jiminမတွေးတတ်တော့ပေ ။
အသက်မဲ့နေသလိုဖြစ်နေတဲ့ ဦးငယ်ရဲ့ပုံစံကိုကြည့်၍ Jimin စိတ်မကောင်းဖြစ်ရပါ၏။

"Baby... မငိုပါနဲ့ ။ အဆင်ပြေသွားမှာပါ"

အနောက်ကနေပခုံးကိုကိုင်၍ နှစ်သိမ့်ပေးနေတဲ့ Min Suga ရဲ့ရင်ခွင်ထဲကို Jimin တိုးဝင်လိုက်သည် ။ ဦးငယ်နဲ့ Taeရဲ့အပူဟာ သူ့ကိုပါ လာရောက်ကူးစက်နေ၏ ။

"Taeကိုရော ဆက်သွယ်လို့ရလား Min.... Tae ဘယ်မှာရှိနေလဲဆိုတာ သိရပြီလား"

"ကိုယ် စုံစမ်းနေပါတယ် Baby ... အရမ်းစိတ်မပူနဲ့နော်"

Jimin စိတ်မပူဘဲမနေနိုင်ပေ ။ ဦးငယ်က အခုလိုဖြစ်နေချိန်မှာ Taeကလည်း ဘာသတင်းမှမရအောင် ပျောက်ချက်သားကောင်းသွားသည် ။ Taeက အဖေဖြစ်သူကိုတောင်အသိမပေးဘဲ ထွက်သွားခဲ့သည်လေ။
ဘယ်လောက်တောင်နာကျင်လွန်းလို့ အခုလိုပျောက်ကွယ်သွားဖို့ကို ရွေးချယ်သွားခဲ့တာလဲ ။

"Min... Doctor ကဘာပြောသေးလဲ ။ ဦးငယ်ရဲ့အခြေအနေက ဘယ်လိုရှိလဲဟင်"

"စောင့်ကြည့်ရမယ့်အနေအထားပါပဲ ။ Jeon Jungkook က သူ့ရဲ့ဝေဒနာကို သူကိုယ်တိုင်လည်းမပြောဘူး ။ အခုထိ ဒီလိုပုံစံဖြစ်နေတာဆိုတော့ ဆရာဝန်တွေလည်း ဘာဆက်လုပ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်"

အရင်က အတ္တတွေကိုသာကိုးကွယ်ပြီး မာကျောခဲ့တဲ့ဦးငယ်က အခုပုံစံနှင့် လားလားမျှပင်မသက်ဆိုင်ပေ ။
အရာအားလုံးကို အရှုံးပေးလိုက်တဲ့ အရှုံးသမားတစ်ယောက်လိုဖြစ်နေတဲ့ဦးငယ်ရဲ့ပုံစံကြောင့် Jimin များစွာစိတ်မကောင်းဖြစ်ရပါသည် ။
ဦးငယ် ကောင်းကောင်းကြီး ဝဋ်လည်နေခဲ့ပြီဖြစ်၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now