Episode 14

12.1K 981 79
                                    

#Unicode

Jimin လက်ထပ်ပြီးတော့ ပြဿနာအားလုံးက တည်ငြိမ်သွားသည် ။ ဦးငယ်ကလဲ ပုံမှန်အတိုင်းဖြစ်သွားပြီး သူနဲ့ Jiminကို အရင်လို တင်းကျပ်တာမျိုးမရှိတော့ပေ ။ ဦးငယ်ရဲ့ သံသယတွေက အလိုလို ပျောက်ကွယ်သွားခဲ့၏။

"မင်း အဆင်ပြေရဲ့လား Jimin"

Tae အမေးကြောင့် Jimin က ဖျော့တော့စွာပြုံးသည် ။

"ငါအဆင်ပြေပါတယ် Tae"

မချစ်မနှစ်သက်တဲ့သူကို ပွေ့ဖက်ရတယ်၊ နမ်းရှုပ်ရတယ် ၊ အိပ်ရာပေါ်မှာ လုံးထွေးရတယ်ဆိုတာကလွဲလို့ပေါ့ ။
အဲ့ဒီနာကျင်မှုကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါသည် ။
အနည်းဆုံးတော့ ဦးငယ်ရဲ့ သံသယတွေကို ဖျောက်ဖျက်နိုင်ပြီး ပြဿနာတွေကို တည်ငြိမ်သွားစေခဲ့တယ်မဟုတ်လား ။
Tae လဲ အေးအေးချမ်းချမ်းလေးနေနိုင်သွားတာမို့ သူ့ဘဝတစ်ခုလုံးနှင့် ရင်းရသည်က တန်ပါတယ်လေ ။

"ဦးငယ်အစား ငါကပဲ တောင်းပန်ပါတယ် Jimin"

ဒီတစ်ခါတော့ကိုယ်စားတောင်းပန်သူက Jimin မဟုတ်ဘဲ Taehyung ဖြစ်သွားခဲ့ရ၏။
သူ့ရဲ့ယောက်ျားကြောင့် Jimin နစ်နာသွားရသည်မို့ Tae အမှန်တကယ် အားနာမိပါသည်။
Jimin အခုလိုမျိုး ရုတ်တရက်ကြီး အိမ်ထောင်ကျသွားခဲ့သည်က သူ့ပယောဂလဲ မကင်းဘူး မဟုတ်လား ။

"Jimin...ငါမင်းကို မေးချင်နေခဲ့တာ ။ မင်း စိတ်ရှုပ်မှာစိုးပေမယ့် အဲ့တာကို တကယ်သိချင်နေမိလို့"

Tae တည်ငြိမ်စွာနှင့်ပြောတော့ Jiminက Tae မျက်လုံးတွေကိုစိုက်ကြည့်ကာ ခေါင်းငြိမ့်ပြသည်။

"ငါ့ကိုချစ်တယ်ဆိုတာ အမှန်မဟုတ်ဘူးမလား။ မင်း ငါ့အပေါ် ဘယ်လောက်တောင်ရိုးသားလဲဆိုတာ ငါအသိဆုံးပါ ။ ဘယ်လိုအချက်တွေကများ မင်းရဲ့စိတ်ကို ပြောင်းလဲစေခဲ့တာလဲ"

"ငါတောင်းပန်ပါတယ် Tae"

Jimin က မျက်နှာငယ်လေးနှင့် တောင်းပန်စကားဆိုသည် ။ ထို့နောက် သူ့ခံစားချက်တွေနှင့် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလာခဲ့၏။
ဘေးစကားတွေကို နားယောင်ခဲ့မိပြီး သူ့ခံစားချက်တွေကိုသူ ထင်ယောင်ထင်မှားဖြစ်ခဲ့တာဟုလဲ ဝန်ခံသည် ။တကယ်တမ်းတော့ Tae အပေါ်မှာ သူဘာစိတ်မှမရှိခဲ့ပါဘူးတဲ့လေ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now