Episode 19

9.3K 750 75
                                    

#Unicode

"အဖေမပြောခဲ့ဘူးလား ။ Jeon Jungkookက တစ်ကိုယ်ကောင်းဆန်တယ်၊ အတ္တကြီးတယ်လို့လေ "

Taehyung ရဲ့အိမ်ထောင်ရေးအကြောင်းကို Taehyung ပြောပြလိုက်တာနဲ့အဖေဖြစ်သူက ထိုကဲ့သို့ဆိုလေတော့သည် ။

"ဒါပေမဲ့ ကျွန်တော် ဦးငယ်ကိုချစ်တယ်။ သူ့ကို နားမလည်နိုင်ပေမယ့် ချစ်နေတုန်းပဲ ... စွန့်လွှတ်ဖို့လည်းမဖြစ်နိုင်ဘူး"

Taehyung အတွက်တော့ ဦးငယ်ကို လွယ်လွယ်ကူကူချစ်ခဲ့တာမျိုးမဟုတ်၍ စွန့်လွှတ်ဖို့လည်းခက်ခဲသည် ။

"သားက ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ။ ဒါပေမယ့်လည်း သားကိုအပြစ်တော့မဆိုချင်ပါဘူး... အဖေ သားကို အကြံဉာဏ်ပေးရမယ်ဆိုရင်တော့ သားဘက်က ကိုယ်ဝန်ဆောင်နိုင်အောင်ကြိုးစားကြည့်မလား ။ Jeon Jungkookက ယောက်ျားတစ်ယောက်ကိုလက်ထပ်ခဲ့ပေမယ့် ကလေးအဖေတော့ဖြစ်ချင်မယ်လို့ အဖေထင်တယ်"

ကိုယ်ဝန်ဆောင်ဖို့တဲ့လား?
ဦးငယ်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခွန်းမှမပြောဖူးပေ ။ ဦးငယ်ရဲ့ပုံစံကလည်း ကလေးချစ်တတ်မည့်ပုံမပေါ် ။

"ဒါနဲ့... ကျွန်တော်က ဘာဖြစ်လို့ ကိုယ်ဝန်ဆောင်သင့်တာလဲအဖေ ။ အဲ့တာက ကျွန်တော့်အိမ်ထောင်ရေးနဲ့ ဘယ်လိုမျိုးပတ်သက်နေလို့လဲ"

"ကလေးရှိတဲ့အိမ်ထောင်ရေးတစ်ခုက မြဲတယ်လေ သားရဲ့ ။ ပြီးတော့ အဲ့ဒီကလေးနဲ့ Jeon Jungkookလိုလူကို ချုပ်ကိုင်လို့ရတယ်"

အဖေ့ရဲ့စကားတွေကြောင့် Taehyung၏ မျက်လုံးလေးတွေအရောင်လက်သွားခဲ့သည်။ အဖေပြောသလိုမျိုးက တကယ်ပဲ မှန်ကန်နေလေမလား ။ သူသာကိုယ်ဝန်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဦးငယ်နဲ့အခြေအနေက ကောင်းလာနိုင်ဖို့မျှော်လင့်သည် ။

"အဖေ... ကျွန်တော်အဲ့ဒီလိုလုပ်ကြည့်မယ်။ ဦးငယ်နဲ့ ကျွန်တော် အဆင်ပြေနိုင်ဖို့အတွက် ကလေးကအရေးပါမယ်ထင်တယ်"

Kim Jong Min ပြုံးလိုက်သည် ။ နောက်ဆုံးတော့ သားဖြစ်သူက သူ့ရဲ့အကွက်ထဲကို ဝင်ရောက်လာပြီဖြစ်သည် ။ သားရဲ့ယုံကြည်မှုတွေကို အသုံးချ၍ Jeon Jungkook ကို ကောင်းကောင်းကြီး နင်းချေပစ်မည် ။
Kim Jong Min လိုလူကို သွေးတိုးစမ်းခဲ့တဲ့ အကျိုးရလဒ်ကို Jeon Jungkook သိစေရမည်။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now