#Unicode
အဲ့ဒီနေ့ ပြဿနာတွေပြီးကတည်းက ဦးငယ်က Kim Taeကို ကောင်းကောင်းစကားမပြော။
အိမ်ကိုလည်း တစ်ခါတလေမှသာပြန်လာသည် ။
ပြဿနာအကြီးအကျယ်ဖြစ်လိမ့်မည်ဟု Kim Tae တွေးထားပေမယ့် တလွဲသာ ။
ဦးငယ်က မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှောင်ထွက်သွား၏ ။Kim Tae မဆိုင်သလိုနေလိုက်ချင်ပေမယ့် အခုလိုအခြေအနေကို မလိုချင်ပေ။
အေးစက်စက်ဖြစ်နေမယ့်အစား ရန်ပွဲလေးတစ်ခုဖြစ်သွားတာမှတော်သေးသည်လေ။"ဦးငယ်.."
Company သွားဖို့ပြင်ဆင်နေတဲ့ ဦးငယ်ကို Kim Tae စခေါ်လိုက်သည် ။
ထို့နောက် အနားကိုသွားလိုက်ပြီး Necktie ချည်ဖို့လုပ်နေတဲ့ ဦးငယ်ကို ကူပေးလိုက်၏။
ဦးငယ်ကတော့ ခပ်တည်တည်သာစိုက်ကြည့်နေသည် ... ဘာစကားမှတော့မဆိုချေ။"အေးတိအေးစက်နေတာက ဦးငယ်ရဲ့ပုံစံဆိုပေမယ့် ဟိုနေ့ညကပြဿနာက ပေါက်ကွဲရမယ်မို့လား ။ ဒီတစ်ခါ ဦးငယ်ငြိမ်လွန်းလို့ ကျွန်တော်ပိုပြီးလန့်နေတယ်"
Kim Tae စိတ်ထဲရှိနေတဲ့အတိုင်းပြောလိုက်သည် ။
ဦးငယ်ရဲ့ ငြိမ်သက်မှုက ပိုပြီးလန့်ဖို့ကောင်းနေသည်မဟုတ်လား ။"ပြဿနာမဖြစ်ချင်နဲ့ Kim Tae.... ငြိမ်သက်နေတတ်တာက ဦးငယ်ရဲ့ပုံစံမဟုတ်တာကို မင်းလည်းသိထားတယ်မဟုတ်လား ။ အဲ့ဒီနေ့ညက ပြဿနာကိုဦးငယ်မမေ့သလို ဦးငယ်ကို စိန်ခေါ်ထားတဲ့ မင်းရဲ့စကားတွေကိုလည်း ဦးငယ်အမှတ်ရတယ်"
"မဟုတ်သေးဘူး ဦးငယ် ။ ကျွန်တော်တို့က လက်ထပ်ထားကြတာ..ရန်သူတွေမဟုတ်ဘူးလေ ။ ပြဿနာတစ်ခုကို ဖြေရှင်းလိုက်ရင်ပြီးပြီမဟုတ်ဘူးလား"
"ဒါဆိုရင် မင်းလုပ်ထားတဲ့အပြစ်က ဘယ်လိုပြစ်ဒဏ်မျိုးနဲ့ထိုက်တန်လဲဆိုတာ မင်းပြောကြည့် Kim Tae... ဦးငယ်တို့ပြေလည်ချင်တယ်ဆိုရင် မင်းရဲ့အမှားကို မင်းသိဖို့တော့လိုတယ်"
Kim Taeအစက ပြေလည်ဖို့တွေးထားပေမယ့် ဦးငယ်ရဲ့စကားအသွားအလာကြောင့် ပြေလည်ဖို့ စိတ်ကူး တစိုးတစိမျှမရှိတော့ပေ။
ဦးငယ်က သူ့ကိုယ်သူအမှန်ဆုံးဟု ယူဆထားတဲ့သူမဟုတ်လား ။ အဲ့ဒီလိုလူမျိုးဆီက ဘာမှမမျှော်လင့်ချင်တော့ပါ ။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...