#Unicode
ဦးငယ်က ခါးကိုထိန်းကိုင်ပြီး အနမ်းတွေကို တုံ့ပြန်သည် ။Taehyung အံ့သြမိပေမယ့်အခွင့်အရေးကို အသုံးချ၍ မက်မက်မောမောပင်နမ်းရှုပ်နေမိ၏။
"Hmm"
နှုတ်ခမ်းကိုလွှတ်ပေးလိုက်သည်နှင့် Taehyung မောဟိုက်သွားတာကြောင့် ပါးစပ်ကလေး ဟစိဟစိလုပ်ကာ အမောဖြေနေမိသည် ။
Taehyung ရဲ့ပုံစံကိုကြည့်၍ Jungkook က ခပ်ရေးရေးပြုံးသည် ။"Kim Tae...ဦးငယ်ကိုအခုလိုနမ်းတဲ့ အကျိုးဆက်ကိုရော Kim Tae ထည့်တွေးမိလား"
ဦးငယ်ရဲ့စကားကို သူနားမလည်ပေ ။
အကျိုးဆက်တဲ့လား ... အဲ့ဒီ အကျိုးဆက်က ဦးငယ်ရဲ့အမုန်းတရားမဟုတ်ရင် လုံလောက်သည် ။
ကျန်တာကိုတော့ ဘာမှထည့်တွက်လိမ့်မည်မဟုတ် ။"ဦးငယ် ကျွန်တော့်ကိုစိတ်ဆိုးသွားလား"
သူ့အမေးကြောင့် ဦးငယ်က ဟက်ခနဲရယ်သည်။
ထို့နောက် သူ့မျက်လုံးတွေကိုစေ့စေ့ကြည့်ကာ"ဦးငယ် စိတ်မဆိုးဘူး Kim Tae"
"ဒါဆိုရင် ရပါပြီ ။ ဘယ်လိုအကျိုးဆက်ပဲဖြစ်ဖြစ် ကျွန်တော်ထည့်မတွက်တော့ဘူး"
ထိုသို့ပြောပြီး လှစ်ခနဲပြေးထွက်သွားတဲ့ကောင်လေးကိုကြည့်၍ Jungkook ပြုံးလိုက်သည် ။
ထို့နောက် ကောင်လေးနမ်းရှုပ်သွားတဲ့ နှုတ်ခမ်းလေးကို လက်နှင့်အသာထိတွေ့မိသည် ။ပထမဆုံးအနမ်းပေမယ့် စိတ်လှုပ်ရှားဖို့တော့ကောင်း၏ ။
ယောက်ျားလေးတစ်ယောက်ရဲ့အနမ်းက အခုလောက်အထိ ချိုမြိန်လိမ့်မည်ဟု သူမထင်ထားမိခဲ့ပေ ။ဒီအနမ်းတွေအတွက် Kim Tae ပြန်ပြီးပေးဆပ်ရမည် ။
ဖြစ်လာမယ့် အကျိုးဆက်ကဘာပဲဖြစ်ဖြစ် Kim Tae သေချာပေါက်လက်ခံရမည်။နောင်တမရဖို့တော့မျှော်လင့်၏ ။
**
"ဒါက ကျုပ်ရဲ့ တစ်ဦးတည်းသောသမီးလေး Choi So Miပါ .."
သမီးကညာနှင့်ပါ မိတ်ဆက်ပေးလာသည်မို့ Jungkook ခပ်ယဲ့ယဲ့သာပြုံးလိုက်သည်။
ငွေအတွက်ဆိုရင် သားသမီးကိုလဲ ထိုးကျွေးနိုင်တဲ့ လူတွေရဲ့လောဘကလဲ တော်ရုံတန်ရုံမဟုတ် ။
ငွေရဲ့မျက်နှာကလဲ အတော်လေးကြီးသား။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...