#Unicode
အချစ်ဆိုသည့်အရာက နူးညံ့ပြီးသိပ်ကိုလှပသည်တဲ့ ။ ဆယ်ကျော်သက်အရွယ်မှာ စတင်ပြီး ထိတွေ့ခံစားဖူးခဲ့တဲ့ အဲ့ဒီအချစ်ဆိုသည့်အရာတစ်ခု ။
မြင်မြင်ချင်းပင် သဘောကျခဲ့ပြီး နှလုံးသားထဲက ထုတ်မရအောင် စွဲလမ်းခဲ့မိသည်။
သူ့ကို သေချာပေါက်ပိုင်ဆိုင်ဖို့လဲ ရူးရူးမိုက်မိုက်နှင့်တွေးခဲ့မိသေး၏ ။သူ့နာမည်က Jeon Jungkook ...။
ကျွန်တော့်အချစ်ဆုံး သူငယ်ချင်း၏ ဦးလေးဖြစ်ပြီး ကျွန်တော်နှင့် အသက်၁၅နှစ်ခန့်ကွာသည် ။
ဦးငယ်နဲ့ စတွေ့ခဲ့တဲ့အဲ့ဒီအချိန်ခဏလေးမှာပဲ ကျွန်တော်ဆိုတဲ့ Kim Taehyung ဟာ အချစ်မှာ ကျရှုံးခဲ့ရသည် ။ကျွန်တော့်ရဲ့အချစ်ဦးသည် ဦးငယ်ဖြစ်သည်။
အဲ့ဒီလိုပဲ ကျွန်တော်အချစ်ရဆုံးသူသည်လဲ ဦးငယ်ပင်ဖြစ်သည် ။တိုက်ဆိုင်မှုလား ၊ ရေစက်လားမသိပေမယ့် ဦးငယ်နှင့် စတင်တွေ့ဆုံခဲ့ပုံက ဤသို့ဖြစ်၏။
-
-
-Taehyung နှင့် Jimin စာမေးပွဲကျတာကြောင့် မိဘအခေါ်ခံရသည် ။
အထက်တန်းနှစ်မှာမှ စတင်တွေ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပေမယ့် ငယ်သူငယ်ချင်းတွေလို ခင်မင်ကြတဲ့ Taehyung နှင့် Jiminမှာ နှစ်ယောက်ဆုံလျှင် ထိန်းရခက်အောင် ဗရုတ်ကျကြသည် ။
စာမေးပွဲကျသည်က Taehyung အတွက်တော့ ဘာမှမဟုတ်ပေမယ့် Jiminကတော့ သိသိသာသာပင် မှိုင်ကျသွားရှာသည် ။
ပုံမှန်ဆိုရင် Jimin က စာမေးပွဲကို သိပ်ပြီးအားစိုက်လေ့ရှိသည် ။
ပထမဆုံးအကြိမ် စာမေးပွဲကျတာဖြစ်၍ ခြေဖျားလက်ဖျားတွေပင်အေးစက်နေလေ၏။"Jimin...မင်း အဆင်ပြေရဲ့လား"
မျက်နှာမသာမယာဖြစ်နေတဲ့ Jiminကို Taehyung က နှစ်သိမ့်ပေးဖို့ကြိုးစားသည်။
"Tae... စာမေးပွဲကျတာကို မင်းဘာမှမခံစားရဘူးလားဟင်"
Jiminရဲ့မေးခွန်းကြောင့် Tae ကပြုံးသည်။ ထို့နောက် ပခုံးကိုတွန့်၍
"မခံစားရပါဘူး ။စာမေးပွဲဆိုတာ ငါ့အတွက်အဲ့ဒီလောက်အရေးမပါဘူး ။ လူတစ်ယောက်ရဲ့ဘဝကို အဲ့ဒီ စာမေးပွဲက အဆုံးအဖြတ်ပေးနိုင်တာမှမဟုတ်ဘဲ"
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...