Episode 39

7.6K 739 91
                                    

#Unicode

Notiတက်လာ၍ လင်းလာသော ဖုန်းScreenပေါ်သို့ Taehyung အကြည့်ရောက်သွားသည် ။ Do Hyun ရဲ့ဖုန်းဖြစ်၏။Do Hyunက စာလုပ်နေရင်းမှ Toilet ဆိုပြီး ထသွားသည်မို့ ရှိမနေ ။ သူများ ကိုယ်ရေးကိုယ်တာကို Taehyung စပ်စုလိုစိတ်မရှိပေမယ့် Boss ဆိုသော အမည်ကြောင့် စိတ်ဝင်စားသွားရ၏ ။ အစက ဒီအတိုင်းသာ ကြည့်လိုက်ပေမယ့် စာထဲကအကြောင်းအရာကြောင့် Taehyung၏ စိတ်ဝင်စားမှုများက မြင့်တက်သွားရသည်။
'သူ စာလိုက်နိုင်ရဲ့လား ...သူ့အတွက် စာလုပ်ချိန်မရှိတော့ စိုးရိမ်တယ်'တဲ့လေ ။

"သူဆိုတာ ဘယ်သူလဲ"

Taehyung တွေးမနေတော့ဘဲ ဖုန်းကိုယူ၍ ကြည့်လိုက်သည် ။ Do Hyun က password မခံထားသည်မို့ အလွယ်တကူဖွင့်လို့ရ၏ ။
အလျင်အမြန်ပင်စာတွေကို ဆွဲကြည့်လိုက်မိသည် ။

'Kim Tae ဘာလုပ်နေလဲ ။ နားတဲ့အချိန် သူဘယ်ကိုသွားလဲ'

'Kim Tae လိုအပ်နေတာမျိုးရှိလား'

'Kim Tae ကျောင်းမှာ အဆင်ပြေလား'

'ဒီနေ့ Kim Taeပျော်နေတယ် ၊ ကျောင်းမှာ ဘယ်လိုပျော်စရာကြုံခဲ့လို့လဲ'

'Kim Taeက အယုံလွယ်တယ် အဲ့တာကြောင့် Kim Taeအနားကို တခြားသူအကပ်မခံနဲ့'

စသည့် မြောက်မြားစွာသောစာတို့သည် Taehyung အကြောင်းတွေချည်းသာ ။ တစ်ဖက်က မေးသမျှ ၊ ပြောသမျှကို Do Hyunက ပြန်ဖြေပေးပြီး နာခံနေရသည် ။ တစ်ဖက်ကလူမှာလည်း ဦးငယ်အပြင် တခြားမရှိနိုင်တော့ပေ ။
Taehyung ဖုန်းကိုချ၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည် ။
Taehyung က ဦးငယ်ခြယ်လှယ်သမျှနှင့် ဦးငယ်လှည့်စားတာကို အခုထက်ထိခံနေရဆဲ ။
Taehyung စိတ်ရင်းနှင့် ခင်မင်မိတဲ့သူကလည်း ဦးငယ်ရဲ့ အစေအပါး ၊ ဦးငယ်ရဲ့ ဘက်တော်သား ။
Taehyung ယုံကြည်ခဲ့သမျှအရာအားလုံးက သဲထဲရေသွန်သာ ။
အကုန်လုံးပေါင်း၍ Taehyungကို အရူးလုပ်နေကြတာဖြစ်၏ ။

"Sorry ... ငါနည်းနည်းကြာသွားတယ်မို့လား"

Do Hyunက ပုံမှန်အတိုင်းပြောဆို၍ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်သည် ။ Taehyung အတွက်တော့ အရာအားလုံးက ပုံမှန်အတိုင်းမဖြစ်နိုင်တော့ပေ ။ Taehyung ဦးငယ်ကိုမုန်းသလို Taehyung ကိုလိမ်ညာသည့် Do Hyunကိုလည်း နာကြည်းမိသည်။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now