Episode 38

9.4K 790 49
                                    

#Unicode

ဦးငယ်နဲ့အတူနေပြီးကတည်းက တတ်နိုင်သလောက် မျက်နှာချင်းမဆိုင်မိဖို့ Taehyung ကြိုးစားသည် ။ ထိုနေ့ညအကြောင်းကို ပြန်တွေးကြည့်တိုင်း တစ်ကိုယ်လုံးထူပူလာပြီး ရှက်ရွံ့လာရ၏ ။ အချိန်အတော်ကြာမှ ပြန်လည်ရရှိခဲ့တဲ့ ဦးငယ်ရဲ့အထိအတွေ့တွေကလည်း တကယ့်ကိုရစ်မူးလောက်စရာ.... ။

"Kim Tae...ဦးငယ်ကို ရေကူသုတ်ပေးမလား။ဦးငယ် လက်နာနေတော့ အဆင်မပြေလို့"

ဦးငယ်လှမ်းခေါ်နေတာကြောင့် Ye Joonနှင့် အတူဆော့ကစားပေးရာကနေ Taehyung ထရပ်လိုက်သည် ။ ထို့နောက် ဦးငယ်ရဲ့လက်ထဲက တဘက်ကိုယူ၍ ဦးငယ်ရဲ့ခေါင်းကိုရေသုတ်ပေးလိုက်၏ ။ ဦးငယ်ကတော့ ကုတင်ပေါ်မှာထိုင်၍ မျက်လုံးမှိတ်ကာ ငြိမ်ခံနေသည်။

ဆံပင်တွေရေသုတ်ပြီးနောက် ကျောပြင်နှင့်ရင်ဘက်ပေါ် စီးကျနေတဲ့ရေစက်တွေကိုပါ Taehyung သုတ်ပေးလိုက်သည် ။ ထိုအခါလည်ပင်းနှင့် ရင်ဘက်မှ Taehyung ပေးထားသည့် အချစ်အမှတ်အသားများကိုတွေ့လိုက်ရ၏ ။ အဲ့ဒီအမှတ်အသားတွေက အခုထက်ထိတောင် မပျောက်သေးပေ ။
Taehyung ရှက်လွန်း၍ မျက်နှာလေးပင်နီရဲလာရသည် ။

"ဘာလို့ ရပ်လိုက်တာလဲ .... ရှက်နေတာလား"

ရုတ်တရက်မျက်နှာကို စေ့စေ့ကြည့်၍ မေးခွန်းထုတ်လာတဲ့ဦးငယ်ကြောင့် ပိုပြီးတော့ပင် မျက်နှာပူသွားရသည် ။ ဦးငယ်ကတော့ ဘာမှမဖြစ်သလိုပင် ပြုံးစစနှင့်ပြောနေတော့တာဖြစ်၏ ။

"အဲ့ဒီညကို မမေ့နိုင်သေးဘူးလား ... ဘာလို့ အဲ့ဒီလောက်အထိ အရှက်သည်းနေရတာလဲကွာ ။ Kim Taeကလေ ဦးငယ်အသည်းယားအောင် သိပ်ပြီးလုပ်တာပဲသိလား"

Taehyung နှုတ်ခမ်းကိုသာကိုက်ထားမိသည်။ဦးငယ်ကလည်း ဘာတွေလာပြောနေမှန်းမသိ ၊ ရှက်နေပါတယ်ဆိုမှ ပြန်ပြီးအစဖော်နေသေးသည် ။

"ဦးငယ်ဖာသာလုပ်တော့ ... ကျွန်တော်သွားတော့မယ်"

တဘက်ကို ဦးငယ်လက်ထဲထိုးထည့်၍ထွက်ပြေးဖို့လုပ်ပေမယ့် မအောင်မြင်။ လျင်မြန်တဲ့ဦးငယ်က Taehyung ရဲ့လက်ကိုဖမ်းပြီး ဆွဲချသည် ။ Taehyung ရဲ့ခန္ဓာကိုယ်လေးဟာ ဦးငယ်ရဲ့ပေါင်ပေါ်သို့ ပြိုလဲကျလာရ၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now