#Unicode
တကယ်မဖြစ်ပါစေနဲ့ဟု အကြိမ်ကြိမ်ဆုတောင်းရင်းကပင် ဦးငယ်နှင့် အမှန်တကယ်ပင် ကွာရှင်းခဲ့ရသည်။ ကွာရှင်းရုံတင်မကခဲ့ ၊ သဘောတူစာချုပ်တစ်ခုကိုပါ လက်မှတ်ထိုးခဲ့ရ၏ ။ စာချုပ်ပါ အချက်အလက်များမှာ ဤကဲ့သို့ဖြစ်သည်။
နံပါတ်တစ်အချက်အရ Kim Tae ကျောင်းပြီးမှသာ Ye Joonကို တရားဝင် အုပ်ထိန်းခွင့်ရမည် ။ကျောင်းမပြီးမချင်း Ye Joonနှင့် ပတ်သက်ပြီး ဦးငယ်ဘက်ကသာ အလုံးစုံလုပ်ပိုင်ခွင့်ရှိ၏။Ye Joonကို လာတွေ့ခွင့်ရှိပေမယ့် ဦးငယ်ရဲ့အရိပ်အောက်ကနေ ဦးငယ်ခွင့်မပြုဘဲ ခေါ်ထုတ်ပိုင်ခွင့်မရှိ ။
နံပါတ်နှစ်အချက်အရ Kim Tae ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အခြေအနေမဟုတ်သ၍ ဦးငယ်စီစဥ်ပေးသည့်နေရာ၌သာ နေထိုင်ရမည် ။ ကျောင်းမပြီးသေးသ၍ ဦးငယ်ရဲ့ထောက်ပံ့မှုကိုလက်ခံရမည် ။အလုပ်ရ၍ အခြေကျမှသာ ဦးငယ်နှင့် မပတ်သက်ဘဲ နေခွင့်ရမှာဖြစ်၏ ။
နောက်ဆုံးအချက်ကတော့ နှစ်ယောက်လုံးနှင့်သက်ဆိုင်သည် ။ ကွာရှင်းပြီးအခြေအနေတွင် တခြားတစ်ယောက်အား မေတ္တာသက်ဝင်သွားခြင်း ၊ တခြားတစ်ယောက်နှင့် လက်ထပ်ခြင်း စသည်တို့ကို ကျူးလွန်သူက Ye Joonကို ထာဝရလက်လွှတ်ပေးရမည် ။ Ye Joon၏အဖေဟု ခံယူချင်ပါက လူလွတ်အဖြစ်သာ နေထိုင်ခွင့်ရှိသည် ။ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မပတ်သက်ရ ။
ထိုအချက်သုံးချက်လုံးကို Taehyung လက်ခံခဲ့ရသည် ။ ငြင်းဆန်နိုင်တဲ့အင်အားဆိုတာလည်း မရှိခဲ့ ။ အခြေအနေအရ Taehyung မှာမည်သူမျှမရှိပေ ၊ အားကိုးရာမဲ့တဲ့အခြေအနေမှာ Ye Joonကို အတူခေါ်လာ၍လည်း ဒုက္ခမရောက်စေလို ။ တစ်ယောက်တည်း ရှင်သန်နေထိုင်ဖို့အတွက်လည်း မဖြစ်နိုင်သေး ။ ထို့ကြောင့် ဦးငယ်စီစဥ်ပေးသမျှကို လက်ခံ၍ ဦးငယ်ပြောင်းပေးတဲ့ အိမ်၌သာ နေခဲ့ရသည် ။
'ကွာရှင်းပြီးပေမယ့် ကျွန်တော်က ဦးငယ်ရဲ့လောင်းရိပ်အောက်ကပန်းဖြစ်နေတုန်းပဲ'
ဦးငယ် စီစဉ်ပေးသည့်အိမ် ၊ ဦးငယ်စီစဥ်ပေးသည့်ကား ၊ ဦးငယ်ပေးထားတဲ့ အသုံးအဆောင်တွေ ၊ ဦးငယ်ထည့်ပေးထားတဲ့ အလုပ်သမားများ ။ အရာအားလုံးက ဦးငယ်နှင့်လွတ်ကင်းတာမျိုးမရှိခဲ့ ။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခဲ့ပေမယ့် အမှန်တကယ်ကြုံတွေ့နေရသည်က ခဏတာခွဲနေသည့်ပုံစံမျိုးသာ ။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
Fiksi PenggemarWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...