Episode 4

12.6K 1K 110
                                    

#Unicode

"အဲ့ဒီလူရဲ့သမီးကို လက်ထပ်မယ်ဆိုတဲ့ အတွေးရှိသလား Kim Tae" တဲ့ ။
ဦးငယ်ရဲ့အဲ့ဒီအမေးကို မဆိုင်းမတွပင်ပြန်ဖြေလိုက်မိသည် ။

"မရှိပါဘူး ဦးငယ်"

ကျွန်တော်ဟာ ဦးငယ်ကလွဲ၍ဘာကိုမှမမြင်သလို ဦးငယ်ကလွဲပြီးဘယ်သူ့ကိုမှလက်ထပ်ဖို့အတွေးမရှိခဲ့ပါ ။

"Taehyung ... ငါတို့တွဲကရအောင်"

အနားကိုရောက်လာသည့် Min Ju Young ကြောင့် ဦးငယ်နှင့်သူ့ရဲ့စကားဝိုင်းက ပြတ်တောက်သွားခဲ့သည် ။
Ju Young အသံကြောင့် Kim Jong Min က ပြုံးကာ

"ဟုတ်သားပဲ ။ Ju Young လေးနဲ့ တွဲကလိုက်ပါ ..."

အဖေဖြစ်သူကပါ ထောက်ခံနေ၍ Taehyung ငြင်းဆန်ဖို့ ခက်ခဲနေရသည် ။
အဲ့တာတင်မကဘဲ Ju Young အဖေနှင့် တခြားလုပ်ငန်းရှင်များကပါ ညာသံပေးနေကြတာကြောင့် Taehyung မှာ ငြင်းလို့မရတော့ဘဲ လက်ခံရတော့သည် ။

ဦးငယ်ကိုကြည့်လိုက်တော့လဲ သူ့ကိုဂရုမစိုက်ဘဲ ဝိုင်ကိုသာ အေးအေးလူလူသောက်နေခဲ့သည် ။

"လာလေ Taehyung "

Ju Young ဆွဲခေါ်တဲ့နောက်ကို Taehyung  ပါလာခဲ့ရတော့သည် ။သူတို့ Dance floor ကိုရောက်သွားတယ်ဆိုရင်ပဲ မီးမှိတ်သွားပြီး အရောင်စုံနေသည့်မီးအလင်းရောင်ဖျော့ဖျော့လေးသာပြန်လင်းလာသည်။ ပျံ့လွင့်လာတဲ့ သံစဉ်နှင့်အညီ Ju Young ရဲ့ခါးကိုထိန်းကိုင်၍ ကနေလိုက်သည် ။ ကနေရင်းကနေ ထိုင်နေတဲ့ ဦးငယ်ဆီကို အကြည့်ရောက်မိသေး၏ ။ ဦးငယ်က မဲ့ပြုံးပြုံးကာ သူတို့ကိုစိုက်ကြည့်နေသည်။
အဲ့ဒီအပြုံးတွေက ကျောချမ်းဖို့ကောင်းတာမို့ Taehyung ထပ်မံကာ မကြည့်ဖြစ်တော့ပေ။

တဖြေးဖြေးနှင့် ကတဲ့လူတွေများလာသည်။ Taehyung နှင့် Ju Young လဲ တွဲကနေဆဲပင်။
တစ်လျှောက်လုံး Ju Youngက Taehyung ကို အသေအချာစိုက်ကြည့်နေခဲ့ပေမယ့် Taehyung ကတော့ အကြည့်လွှဲထားခဲ့သည်။

နှစ်ယောက်သား လက်တွေကိုဆန့်ပြီး လှည့်ဖို့လုပ်လိုက်ချိန်မှာ Taehyung ၏လက်ကို လူတစ်ယောက်ကဆွဲကာ ခါးကိုပွေ့ဖက်လိုက်သည် ။
Ju Young သည်လဲ ထိုနည်းအတူပင် တခြားတစ်ယောက်နှင့်ပါသွား၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now