Episode 30

9.3K 956 125
                                    

#Unicode

Company အလုပ်တွေကို Jungkook ပြန်လည်ဦးဆောင်ကာလုပ်ကိုင်လိုက်သည်နှင့် ပြဿနာအားလုံးက ပြေလည်သွားခဲ့သည်။
အားလုံးရဲ့ မျှော်လင့်ချက်က Jeon Jungkookပင် မဟုတ်လား ။

"တို့လေ အရမ်းဝမ်းသာတာပဲ ။ အခုလိုမျိုး Jeonပုံစံကိုမြင်ချင်ခဲ့တာ ... "

Min Soo In အတော်လေး ဝမ်းသာနေသည်။Jeonရဲ့အရင်ပုံစံကို ပြန်မြင်ခွင့်ရဖို့အတွက် သူမ ဘယ်လောက်တောင်မျှော်လင့်ခဲ့ရသလဲလေ။

"Jeon...လမ်းမြန်မြန်ပြန်လျှောက်နိုင်ဖို့လည်း တို့ ဆုတောင်းပေးနေပါ့မယ်"

"Min Soo In ဆုတောင်းမပေးရင်လည်း လမ်းပြန်လျှောက်နိုင်ဖို့က သေချာပါတယ်။ဆုံးရှုံးလို့မဖြစ်တဲ့ ပိုင်ဆိုင်မှုတွေအတွက် ကိုယ်ကြိုးစားမှာမို့လို့ပဲ"

Kim Tae အပါအဝင် အရာအားလုံးပေါ့ ။
သူသာအားနည်းနေရင် ဒီအတိုင်းနှင့် အရာအားလုံးက ပြီးဆုံးသွားလိမ့်မည် ။
အဲ့ဒီအတွက် သူက အင်အားအကြီးဆုံးဖြစ်နေရမည် ။
လက်စားချေချင်တဲ့ အဓိကတရားခံကိုလည်း Jungkook လက်စားမချေနိုင်သေးဘူးမဟုတ်လား ။

"အို...Mr. Jeon တစ်ယောက်တည်းမှတ်နေလို့ ဝင်လာခဲ့မိတာ ။ Soo Inလည်းရှိနေတာပဲ"

ဆူညံလှသော ဒေါက်ဖိနပ်အသံနှင့်အတူ ရုံးခန်းထဲသို့ ဝင်ရောက်လာသည့် Lily....
Lily အတွက်တော့ Jungkookရဲ့ရုံးခန်းက တံခါးမရှိဓားမရှိဖြစ်နေခဲ့ဟန်တူသည်... လေးစားသမှုနှင့် တံခါးခေါက်သံတောင်မပေးဘဲ အတိုင်းသားဝင်လာသည်လေ။

Soo Inကတော့ Lilyအား အလိုမကျစွာဖြင့် မျက်မှောင်ကုတ်ပြီးကြည့်နေသည် ။
မြွေမြွေချင်းခြေမြင်သူမို့ Lilyကို Soo In မုန်းပါသည် ။

"မင်း ဘယ်အချိန်ရောက်လာမလဲဆိုပြီးတွေးနေတာ... တိုက်တိုက်ဆိုင်ဆိုင် Min Soo In ရှိနေတုန်းမှာရောက်လာတာပဲ"

Jungkookရဲ့စကားကြောင့် Lilyက မခိုးမခန့်ပြုံးသည် ။ ထို့နောက် Jungkook၏ ရှေ့တည့်တည့်ကစားပွဲကို လက်ထောက်လိုက်ပြီး

"တို့မကြိုက်တာတွေကိုလုပ်နေလို့ အကျိုးမရှိဘူးနော် Mr.Jeon .... အချိန် ၂နှစ်ကျော်က နည်းတာမဟုတ်ဘူး .. တို့က ဘယ်အချိန်ထိစောင့်ပေးရမှာလဲ"

That Man:Kim Tae's U Nge(Completed)Where stories live. Discover now