#Unicode
Kim Tae ကြမ်းပြင်ကနေ မထခဲ့ ။ နာကျင်ရလွန်းလို့ ရူးတော့မယ်ထင်၏... ရင်သွေးလေးမရှိနိုင်တော့ဘူးဆိုတဲ့အသိက Kim Taeကို နှိပ်စက်နေတော့သည် ။ မျက်ရည်တွေ အဆက်မပြတ်စီးကျနေပေမယ့် အသံမထွက်နိုင် .... ရင်ဘက်ထဲမှာတင် တစ်ဆို့လို့နေသည်။
"မဟုတ်ဘူး.. ဟင့်အင်း"
Kim Tae ဗိုက်ကလေးကိုစမ်းကြည့်မိ၏။တုန်လှုပ်မှုကြောင့် အသက်ပင်ရဲရဲမရှူနိုင်ပေ။ ကလေးငယ်က သူ့ဘဝထဲကနေ ထွက်သွားတော့မည်ထင်၏ ။
'ဒိုင်း'
ရုတ်တရက်ထွက်ပေါ်လာတဲ့ သေနတ်သံကြောင့် Kim Tae လန့်ဖျန့်သွားရသည် ။
ရင်ထဲမှာလည်း အဆမတန်နာကျင်လာ၏။လဲကျနေရာကနေ အားတင်းပြီးထကာ အခန်းထဲကနေထွက်လိုက်သည် ။
ထိုအခါ သေနတ်ကိုင်ထားတဲ့ ဦးငယ်နှင့်အတူ သွေးအိုင်ထဲတွင်လဲကျနေတဲ့ Min Daeကို တွေ့လိုက်ရတော့၏ ။"ဦးငယ်!!"
ထိုမြင်ကွင်းကိုကြည့်၍ Kim Tae သွေးပျက်သွားရသည် ။ ဦးငယ်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်ဖြင့် တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ရှိတာကိုသိပေမယ့် လူတစ်ယောက်အား အခုလို သွေးအေးအေးနှင့် သတ်ပစ်နိုင်လိမ့်မည်လို့တော့ Kim Tae မထင်ထားခဲ့ပေ ။ ဦးငယ်က Kim Tae မျှော်လင့်မထားလောက်အောင် ရက်စက်လွန်း၏ ။
"ဘာလို့လဲ !! ဘာဖြစ်လို့ လုပ်ရက်ကြတာလဲ!! ဘာလို့ ငါ့ကိုမှလှည့်စားချင်တာလဲ !"
ပိုပြီး ပေါက်ကွဲနေတဲ့ဦးငယ်က ခုနကထက်ပင် သွေးဆူနေသေးသည် ။
"ကြည့်ထားကြ! ငါ့ကိုသစ္စာဖောက်ရင် ဒီလိုပဲ ဇာတ်သိမ်းရမှာ!!"
Kim Tae ပြောစရာစကားပင်မရှိတော့ပေ ။
ဦးငယ်က ဒေါသကိုသာရှေ့တန်းတင်သည်။ တစ်ဖက်လူကို ထည့်ပြီး စဥ်းစားမပေးတတ်။
အရာအားလုံးကို တစ်ဖက်သတ်အမြင်ဖြင့်သာဆုံးဖြတ်သည် ။ အဲ့တာကြောင့်လည်း မဖြစ်သင့်တာတွေ ဖြစ်နေရတာဖြစ်၏ ။"ဦးငယ် ရူးနေပြီ! တကယ်ကြီးရူးနေပြီ!"
Kim Tae ထိန်းမထားနိုင်တော့၍ အော်ဟစ်လိုက်မိသည် ။ အခုချိန်မှာ အနာကျင်ရဆုံးသူက Kim Taeသာ ဖြစ်ပေလိမ့်မည် ။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...