#Unicode
Kim Tae ကိုသဘောကျရဲ့လား၊ချစ်နိုင်ရဲ့လားဆိုပြီး လူတွေသံသယဝင်ကောင်းဝင်နိုင်သည် ။
မချစ်တဲ့လူတစ်ယောက်ကို အတည်တကျလက်ထပ်ယူရဖို့လောက်အထိတော့ Jungkook မလုပ်နိုင်ပါ ။အချစ်တွေမပေါ်လွင်သည့်အကြောင်းပြချက်က သူကချစ်မပြတတ်ပေ .. နောက်ပြီး နူးညံ့မပြတတ်ပေ ။
သို့ပေမဲ့ စတွေ့ကတည်းက Kim Taeကို သူသိပ်ပြီး သဘောကျပါ၏။Kim Taeကလှသည် ၊ ပြီးတော့ချစ်စရာကောင်းသည် ။ ထို့အပြင် သူ့အပေါ်မှာလည်း ဂရုတစိုက်ရှိပြန်သည် ။
အပြစ်ကင်းစင်တဲ့ပုံစံလေးကြောင့်လည်း စတွေ့ကတည်းက သဘောကျခဲ့မိ၏။
Kim Taeကို ပိုင်ဆိုင်ချင်သည် ။
သူ့အပိုင်ပါဟု တံဆိပ်ကပ်ထားချင်သည်။
ထို့ကြောင့်ပဲ အလျင်အမြန်ပင် ရယူဖို့ကြိုးစားခဲ့သည် ။လူတွေသိတဲ့အတိုင်း Jeon Jungkookက အတ္တကြီးသည် ၊ တစ်ကိုယ်ကောင်းဆန်သည်။
သူလိုချင်တာကိုရဖို့အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်သည် ။သူချစ်မှတော့ သူ့အပိုင်သာဖြစ်ရမယ်မဟုတ်လား ။
***
နှစ်ယောက်အတူ မင်္ဂလာပွဲအတွက် ဝတ်စုံသွားပြီးရွေးကြခြင်းဖြစ်သည် ။
ဦးငယ်က ကားကိုသာ အပြည့်အဝအာရုံစိုက်ပြီးမောင်းနေသည် ။
ပုံမှန်ဆိုရင် ကိုယ်တိုင်ကားမောင်းလေ့မရှိတဲ့ ဦးငယ်က အခုလို ကားမောင်းနေတော့လဲ ကြည့်လို့ကောင်းလွန်းသည် ။"ဦးငယ် ။ အဖေ့ကိုဘယ်လိုစည်းရုံးလိုက်တာလဲဟင်"
သူ့မေးခွန်းကြောင့် ဦးငယ်ကပြုံးသည် ။
"ဘာဖြစ်လို့လဲ Kim Tae"
"အဖေက လက်ထပ်ပွဲအတွက် မကန့်ကွက်ဘူးလေ ။ ကျွန်တော်အရမ်းပဲအံ့သြနေတာ"
"ဦးငယ်လိုလူကို ဘယ်သူကငြင်းနိုင်မှာတဲ့လဲ"
ဟုတ်ပါတယ်လေ ။ ဦးငယ်လိုအဘက်ဘက်ကပြည့်စုံနေတဲ့ အမျိုးသားကို ဘယ်လိုလူက ငြင်းဆန်မှာလဲ ။
သူ့အဖေလဲ ဦးငယ်ကို မငြင်းနိုင်ဘူးထင်ပါသည်။**
"ဦးငယ်က အဖြူမကြိုက်ဘူး Kim Tae .. အနက်ရောင်ပဲကြိုက်တယ်"
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...