Episode 13

13.1K 1K 79
                                    

#Unicode

"ဦးငယ်.. အဲ့လိုမလုပ်ပါနဲ့ ။ ကျွန်တော် တောင်းပန်ပါတယ် ဦးငယ်!"

ဦးငယ်ကJiminကို ဆွဲရမ်း၍ အခန်းထဲထည့်ပိတ်ပစ်သည်။Jiminမှာ အော်ဟစ်ငိုယိုရင်း ရုန်းကန်နေသော်လည်းမရပေ ။

"Min Suga နဲ့ လက်ထပ်ပွဲမပြီးမချင်း ဒီအခန်းထဲက လုံးဝထွက်ရမယ်မထင်နဲ့ Park Jimin!"

ဦးငယ်က အခန်းအပြင်ကနေ ဒေါသတကြီးအော်ဟစ်နေသေး၏ ။
ရုန်းရင်းဆန်ခတ်ထိုအခြေအနေတွေက Taehyung မျက်စိရှေ့မှာတင်ဖြစ်သွားခဲ့ပေမယ့် Taehyung မဆွဲရဲသလို ဘာမှလည်းဝင်မပြောရဲ ။
ထောင့်စွန်းလေးမှာကပ်၍သာ ငိုနေမိ၏ ။
ဦးငယ်ရဲ့ အခုလိုအခြေအနေကို သူလည်းအမှန်တကယ်ပင်ကြောက်ပါသည် ။

"ထစမ်း Kim Tae!"

Jimin အလှည့်ပြီးသွားတော့ ဦးငယ်က ကုတ်ကုတ်ကလေးထိုင်နေတဲ့ Kim Taeကို ဆွဲရမ်းကာ တရွတ်တိုက်ခေါ်သွားသည် ။

"အင့်... ဦးငယ်"

အခန်းထဲရောက်သည်နှင့် လူကိုတိုင်နှင့်ကပ်၍ ကြိုးနဲ့တုတ်တဲ့ ဦးငယ်ကို ဘာမှပြန်မပြောရဲခဲ့ ။
ကြောက်လန့်နေတာကြောင့် တအိအိသာငိုနေမိသည် ။
လှုပ်လည်းမလှုပ်ရဲတာကြောင့် ငြိမ်သက်နေရပြန်သည် ။
ဦးငယ်ရဲ့ဒေါသက ဘယ်လောက်တောင်ကြီးလည်းဆိုတာ Kim Taeသိသည်မို့ ။

"Jiminက သူ့စိတ်သူမနိုင်ရင်တောင် မင်းကဆင်ခြင်ရမှာမဟုတ်ဘူးလား ! မင်းက အိမ်ထောင်သည်လေ ! ဘာကိစ္စနဲ့ အလိုတူအလိုပါဖြစ်နေသလဲ Kim Tae.. ဟမ်!"

'ဖြောင်း'

အဖြေစကားမဆိုရသေးခင်မှာပင် ခြေသလုံးပေါ်သို့ ကြိမ်လုံး ရောက်ပြီးနေလေပြီဖြစ်သည် ။

"ကျွန်တော် မဟုတ်ရပါဘူး ဦးငယ်"

ရှိုက်ငိုရင်းပင် ရှင်းပြဖို့ကြိုးစားနေမိသည်။ ကြိမ်လုံးနှင့်အရိုက်ခံရတာထက် နှလုံးသားထဲက ပိုပြီးနာကျင်ရသည်လေ ။

"ငါ့မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျမြင်တာ!"

'ဖြောင်း'

ပြောရင်းဆိုရင်းပင် အားထည့်၍ထပ်မံရိုက်ပြန်သည် ။ Taehyung ဘာအသံမှမထွက်တော့ဘဲ အံကြိတ်၍သာခံလိုက်၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now