#Unicode
"ဦးငယ်..."
Jihoon ၏ ခန္ဓာကိုယ်ကို Taehyung အလျင်အမြန်ပင် တွန်းထုတ်ပစ်လိုက်သည်။
သူထိတ်လန့်ကာ တုန်လှုပ်နေမိသည်။ ဦးငယ်ကသူ့ကို အမှန်တကယ်ပဲ အထင်လွဲသွားတော့မှာလား ။ ရှင်းပြဖို့အတွက်လည်း ဘယ်ကနေဘယ်လို စပြောရမှန်းမသိပေ ။
ကြောက်စိတ်ကြောင့် ခြေဖျား၊လက်ဖျားတွေအေးစက်လာပြီး ခန္ဓာကိုယ်ကလည်း သွေးမရှိတော့သလို ဖြူဖျော့လာသည် ။
အမှားမလုပ်ထားပေမယ့် ဦးငယ်၏ အထင်လွဲမှုဒဏ်ကို သူမခံနိုင်သည်မို့ ။"အခုလို ချစ်ချစ်ခင်ခင်ရှိနေကြတာဆိုတော့ မြင်ကွင်းလေးက ကြည်နူးဖို့ကောင်းသားပဲ..အဟင်း"
ခနဲ့တဲ့တဲ့ဆိုလာတဲ့ ဦးငယ်ရဲ့စကားတွေကြောင့် Taehyung မျက်လွှာချထားမိသည် ။
လေထုတွင်လည်း အန္တရာယ်အငွေ့အသက်များ လွှမ်းခြုံနေသည် ။"ကျွန်တော်က Taehyung ကို စိတ်ပူပြီး ကူညီဖို့ လိုက်လာခဲ့တာပါ။ တခြားဘာစိတ်မှမရှိပါဘူး"
Jungkook အထင်လွဲမှာစိုးတဲ့ Jihoon က ပျာပျာသလဲပင်ရှင်းပြပေးသည် ။
Jungkook ပြုံး၍ Jihoonကို တစ်ချက်ကြည့်လိုက်ပြီး ပခုံးကိုအသာပုတ်ကာ"သူများစားပြီးသားပန်းကန်ကို ဘာလုပ်မှာလဲ။မင်းသာ ဦးနှောက်ရှိမယ်ဆိုရင်ပေါ့လေ... အဲ့တာကြောင့် တပ်မက်တဲ့စိတ်ရှိနေရင် မေ့ဖျောက်လိုက် ။ စားပြီးသားပန်းကန်ဆိုတာ ဘယ်လောက်ဆေးဆေး အသစ်ပြန်မဖြစ်ဘူး"
ဦးငယ်ရဲ့စကားတွေကြောင့် Taehyung ရင်ထဲက တဆစ်ဆစ်နာကျင်လာသည် ။ အခု ဦးငယ်ကသူ့ကို သူစိမ်းယောက်ျားရှေ့မှာ သိက္ခာချလိုက်တာလား ။သူ့ကို စားပြီးသားပန်းကန်တစ်ချက်နှင့် ခိုင်းနှိုင်းလိုက်တာလား။
"အဝတ်အစားက ဘာလို့ချွတ်ထားတာလဲ။ ဘာလဲ .. ဒီလိုအချိန်မှာတောင် လိုအင်ဆန္ဒက ပြင်းပြနေလား Kim Tae"
အနားကိုတိုးကပ်ပြီး ခါးကိုဆွဲဖက်လာတဲ့ ဦးငယ်အား Kim Tae အလန့်တကြားကြည့်လိုက်သည် ။
"မဟုတ်..ဦးငယ်"
သူရှင်းပြဖို့ ကြိုးစားပေမယ့် ခန္ဓာကိုယ်ကို ပူးကပ်စေပြီး နှုတ်ခမ်းဆီငုံ့ဆင်းလာတဲ့ ဦးငယ်ကြောင့် တားမြစ်သည့်သဘောဖြင့် နာမည်ခေါ်လိုက်သည် ။
သို့ပေမဲ့ ဦးငယ်က ဂရုမစိုက်ဘဲသူ့နှုတ်ခမ်းတွေကို နမ်းရှုပ်ပစ်၏ ။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanficWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...