Episode 29

10.2K 928 99
                                    

#Unicode


ဦးငယ်ရဲ့ ခြိမ်းခြောက်မှုကြောင့်ပဲ Kim Taeက ဦးငယ်ရဲ့အိမ်ပေါ်ကို ပြန်ရောက်ခဲ့ရသည် ။ လွယ်လင့်တကူ ဆုံးဖြတ်ခဲ့ခြင်းမျိုးတော့မဟုတ် ၊ Kim Tae ဒီအတိုင်း ထွက်ပြေးဖို့ပါ ကြိုးစားခဲ့သေး၏ ။ သို့ပေမဲ့ ဦးငယ်ရဲ့လူတွေက Kim Taeနောက်ကို တောက်လျှောက်ပါလာသည် ... ဦးငယ်ပြောသလိုပဲ ခြေချစရာမြေပါမရှိတော့တာဖြစ်၏။Kim Taeလည်း မငြင်းဆန်နိုင်တော့တဲ့ အခြေအနေတွေကြောင့် ဦးငယ်ရဲ့အိမ်ကိုလိုက်ပါလာခဲ့ရတော့သည် ။ သို့ပေမဲ့ အိမ်ထောင်ဖက်အနေနှင့်မဟုတ် ၊ ဦးငယ်ကို ဝေယျာဝစ္စလုပ်ပေးမယ့် Nurse သဘောမျိုးနှင့်သာဖြစ်သည် ။ ဒါကလည်း Kim Tae ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်၏ ။ ဦးငယ်ရဲ့အိမ်မှာ ၃လရှိနေပေးဖို့အတွက် နေရာကို ကိုယ်တိုင် သတ်မှတ်လိုက်တာဖြစ်သည်။ အိမ်ထောင်ဖက်အနေနှင့်တော့ Kim Tae ပြန်ပြီး လက်ခံနိုင်လိမ့်မည်မဟုတ်။

"Kim Taeအတွက် ပြင်ပေးထားတဲ့အခန်းလေ.....အဆင်ပြေရဲ့လား ။ Kim Tae မကြိုက်တဲ့ဟာရှိရင်ပြောနော် ... ဦးငယ် ချက်ချင်းပြင်ပေးမယ်"

အခန်းအပြင်အဆင်တွေကို Kim Tae စိတ်မဝင်စား ။
ဤအိမ်ကြီးထဲတွင် အရင်လိုမျိုး မွန်းကျပ်စွာမရှင်သန်ရဖို့ကိုပဲ Kim Tae အာရုံစိုက်သည်။
Kim Tae ထပ်ပြီး ခြေချုပ်မိတဲ့နေရာက ငရဲထက်ပင်ဆိုးဝါးခဲ့သည်မဟုတ်လား ။

"၃လပဲနေမှာမို့ အဆင်ပြေပါတယ်ဦးငယ်။ Nurse တစ်ယောက်အတွက် တခမ်းတနားကြီးပြင်ပေးဖို့မလိုပါဘူး"

Kim Taeရဲ့စကားကြောင့် ဦးငယ်ကခပ်ယဲ့ယဲ့ပြုံးသည် ။ဘာစကားမှတော့ပြန်ပြီးမပြောပေ။

"ပြန်တွေးကြည့်လိုက်ရင် Kim Tae ဘာကြိုက်တတ်လဲဆိုတာ ဦးငယ်မသိခဲ့ဘူး ၊ သိဖို့လည်း မကြိုးစားခဲ့မိဘူး ။ ဦးငယ်ကြိုက်တဲ့အရာတွေကို Kim Taeလည်းကြိုက်ဖို့ကိုပဲ ပုံသွင်းခဲ့မိတယ်"

ဦးငယ်ရဲ့ထိုစကားကြောင့် Kim Tae တင်းမာထားသမျှက သဲထဲရေသွန်။
ရင်ဘက်ထဲက အောင့်တက်လာခဲ့၏ ။
မငိုမိဖို့ကို Kim Taeကြိုးစားနေရသည် ။
ဦးငယ်က သူအတ္တကြီးခဲ့တာကိုတော့ ဝန်ခံတယ်မဟုတ်လား ။

"မလုံလောက်ဘူးဆိုတာသိနေလို့ ထပ်ပြီး မတောင်းပန်ချင်တော့ဘူး Kim Tae .... ဦးငယ်ရဲ့ပုံစံက ဘယ်သူနဲ့မှအတူရှိနေလို့မရဘူးဆိုတာကိုပဲ ဦးငယ်လက်ခံရတော့မယ် .. အထူးသဖြင့် ဦးငယ်သိပ်ချစ်ရတဲ့ မင်းနဲ့ပေါ့ Kim Tae"

That Man:Kim Tae's U Nge(Completed)Where stories live. Discover now