#Unicode
ဦးငယ်နဲ့အရင်လို ပြဿနာတွေမဖြစ်တော့တာမို့ Taehyung ပျော်နေမိသည် ။
တင်းမာနေတဲ့အခြေအနေက ကောင်းမွန်သွားခဲ့၏ ။
Taehyung လည်း ကိုယ်ဝန်ဆောင်နိုင်ဖို့ကိစ္စကို ဦးငယ်မသိအောင် တိတ်တဆိတ်လုပ်ဆောင်နေခဲ့သည် ။"အဖေ... ရလဒ်က ကောင်းမှာပါနော် ။ ကျွန်တော် ကိုယ်ဝန်ဆောင်နိုင်မယ်မို့လား"
ရလဒ်ကိုသိရဖို့အတွက် Taehyung စိတ်လှုပ်ရှားနေခဲ့၏ ။ ကိုယ်ဝန်ဆောင်နိုင်မှသာ ဦးငယ်အတွက် ရင်သွေးလေးမွေးပေးနိုင်လိမ့်မည် ။ အဲ့တာမှလည်း Taehyung တို့အိမ်ထောင်ရေးက ဒီလိုမဟုတ်ဘဲ သာယာစိုပြေလာလိမ့်မည် ။ Taehyung အဲ့ဒီလိုပဲမှတ်ယူထား၏ ။
"အရမ်းကြီး စိတ်မပူပါနဲ့သားရယ် ။ သေချာပေါက် ကိုယ်ဝန်ဆောင်နိုင်မှာပါ ။ Doctor ရဲ့ညွှန်ကြားချက်အတိုင်း စနစ်တကျနဲ့ သေချာလုပ်ထားတာပဲ"
အဖေဖြစ်သူက အားပေးတာကြောင့် Taehyung အနည်းငယ်တော့စိတ်ပေါ့သွားသည် ။ သူ့နာမည်ခေါ်လာဖို့ကိုပဲ Taehyung မျှော်နေမိ၏ ။
"Kim Taehyung ရှိပါသလား ။ ဝင်လို့ရပါပြီရှင့်"
Nurseရဲ့အသံကြောင့် Taehyung အသက်ကိုဝဝရှူကာ စိတ်ကိုကြိုတင်ပြင်ဆင်ထားလိုက်သည် ။ ထို့နောက် နေရာကနေထွက်ခွာသွားလိုက်၏ ။
အသင့်ကြိုစောင့်နေတဲ့ Doctorနှင့် မျက်နှာချင်းဆိုင်တွင် Taehyung ဝင်ထိုင်လိုက်သည် ။
Doctor က ပြုံး၍"ဂုဏ်ယူပါတယ် Kim Taehyung shi.... ကိုယ်ဝန်ဆောင်လို့ရနေပါပြီ ။ ရလဒ်ကကောင်းတယ် ။ ဆရာ အခုပေးလိုက်မယ့်ဆေးတွေကိုလည်း ပုံမှန်သောက်နော် .. ဒါဆိုရင် ရင်သွေးလေးကို ပိုင်ဆိုင်လာမှာပါ"
Taehyung ပျော်လွန်း၍ ပါးစပ်ကိုပင်လက်နှင့်အုပ်ထားလိုက်မိသည် ။ အိမ်မှာသာဆိုလျှင် ထပြီးခုန်မိမှာဖြစ်သည် ... ဆေးရုံမှာမို့သာ မနည်းစိတ်ထိန်းထားရသည် ။
Taehyung ဘယ်လောက်တောင်ပျော်နေခဲ့လဲဆိုတာ သူကိုယ်တိုင်သာသိနိုင်သည်။"ကျေး... ကျေးဇူးပါ Doctor ... တကယ် ကျေးဇူးပါ"
Taehyung မျက်ရည်တွေပင်စီးကျလာရသည် ။ အခုဆိုရင် ဦးငယ်အတွက် ရင်သွေးလေးကို Taehyung မွေးပေးနိုင်ပြီဖြစ်၏။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanficWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...