#Unicode
"ကလေးက သွေးလွန်တုပ်ကွေးဖြစ်တာထင်တယ် ဆရာ Taehyung ... ဒီမှာက ထိရောက်အောင်ကုသနိုင်တဲ့ ဆေးရုံ၊ဆေးခန်းမရှိတာမို့ မြို့ဆေးရုံကြီးကိုသွားမှပဲ ရမယ်ထင်တယ်"
Taehyung မြို့ကိုသွားလိုက်လျှင် သူ့ကို တစ်ယောက်ယောက်က ခြေရာခံမိမှာသေချာသည် ။
သို့သော်လည်း ကလေးရဲ့ကျန်းမာရေးပေမို့ မဖြစ်မနေ သွားရမည် ။
Ye Joonလေးကို အထိအခိုက်မှ မခံနိုင်ဘဲ ။"ဟုတ်တယ် အဒေါ်ကြီး။ ကျွန်တော် မြို့ကိုပဲသွားရမယ် ။ Ye Joon ဘာမှဖြစ်လို့မရဘူး"
Ye Joonလေး ငြိမ်နေရင်တောင် Taehyung မနေနိုင်မထိုင်နိုင်ဖြစ်ရသည် ။ အခုလို ကျန်းမာရေးမကောင်းတော့ ပိုဆိုး၏။
မြို့ကို အလျင်အမြန်သွားဖို့ပဲ စီစဉ်ရတော့သည် ။***
"Min Soo In လည်း သိမှာပါ ။ Jeon Jungkook ရဲ့အခြေအနေက အလုပ်ပြန်လုပ်လို့ရတဲ့ အခြေအနေလည်းမဟုတ်ဘူး ။ ဒီကိစ္စတွေကို Jeon Jungkook ဖြေရှင်းရင် ပြေလည်လိမ့်မယ်လို့ ဘာကြောင့်ထင်နေရတာလဲ"
Suga လည်း အတော်လေးခေါင်းစားနေရသည် ။ Jeon Jungkook ရဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေကို Suga နားမလည်ပေ ။ ထို့ကြောင့်လည်း ပြဿနာတွေဖြေရှင်းရာမှာ နှောင့်နှေးနေ၏ ။
"ဒါပေမဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေအားလုံးက Jeonကို ယုံကြည်လို့ ဒီလောက်အထိ စောင့်စားပြီး သည်းခံပေးခဲ့ကြတာလေ ။ Jeon အလုပ်ပြန်မလုပ်တော့ဘူးဆိုရင် နှစ်ရှည်လများတည်ဆောက်ခဲ့တဲ့ ဒီ Company ရဲ့အခြေအနေက ယိုင်နဲ့သွားမှာပဲ"
"ဒါဆိုရင် ကျုပ်ကဘာလုပ်ပေးရအုံးမလဲဆိုတာ Min Soo In ပြောကြည့်ပါလား ။ Jeon Jungkook ကို အခုပုံစံအတိုင်း Company ကို ခေါ်လာပေးရမလား"
Suga ခြေပစ်လက်ပစ်သာထိုင်ချလိုက်သည်။
အခုချိန်မှာ သူလည်း တော်တော်လေးကိုပင်ပန်းနေရ၏ ။ Jeon Jungkook မရှိတာနှင့် အရာအားလုံးက ကမောက်ကမဖြစ်ကုန်တော့သည် ။လွန်ခဲ့တဲ့ ကာလတွေမှာ ပြဿနာအားလုံးကို အချိန်ဆွဲပြီး ဖြေရှင်းနိုင်ခဲ့ပေမယ့် အခုလို အချိန်ကြာလာတဲ့အခါမှာတော့ ဖြေရှင်းဖို့မလွယ်ကူတော့ပေ ။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများမှာလည်း ယုံကြည်မှု လျော့ပါးလာသည်လေ ။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...