Episode 37

11K 855 173
                                    

#Unicode

Taehyung နေရာမှာတင်ထိုင်ချလိုက်မိသည်။ ဦးငယ်ကိုတွေ့ဖို့လည်း သတ္တိမရှိပေ ၊ ဆေးအရှိန်ကလည်း Taehyungကို နှိပ်စက်လို့နေ၏ ။

"ဟင့်အင်း ... မဖြစ်ဘူး"

အခုချိန်မှာ Taehyung ပြန်သွားမည်ဆိုလျှင် Taehyung ဘက်က ဦးငယ်ကို အတင်းတောင်းဆိုရလိမ့်မည် ။ Taehyung သိပ်ပြီးရှက်၏ ။ Taehyung အခုလိုအခြေအနေမျိုးကို မလိုလားပေ ။

Taehyung ဘာဆက်လုပ်ရမှန်းမသိ၍မျက်ရည်တွေသာ စီးကျလာခဲ့သည်။ ရှက်တာရော ကြောက်တာရောပေါင်းပြီး လူကထူပူလို့လာသည် ။

မျက်ရည်တွေနှင့်အတူ ခန္ဓာကိုယ်ထဲက ပူလောင်လာသော တုံ့ပြန်မှုတွေ ။
မခံစားနိုင်၍ လက်သီးကိုသာတင်းနေအောင်ဆုပ်ထားလိုက်မိသည် ။

"လဲသေသွားရမယ်ဆိုရင်တောင်မှ ဒီနေရာကနေထထွက်သွားလို့မဖြစ်ဘူး"

Taehyung အံကြိတ်၍သာ တင်းခံနေလိုက်သည် ။ ဦးငယ်နဲ့ မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိတာမို့ သူဒီလောက်ကတော့ သည်းခံနေမှရမည်လေ ။

"Kim Tae..."

"ဟင်"

ဆိုက်ဆိုက်မြိုက်မြိုက်နှင့် ဦးငယ်က Kim Taeရှေ့မှာရောက်လာတော့သည် ။ Kim Tae ချွေးစေးတွေပင်ပြန်လာရသည် ။

"ငိုထားတာလား .. Kim Tae ဘာဖြစ်လို့လဲ ။ ဘာဖြစ်တာလဲ... Kim Taeကို ဘယ်သူကဘာလုပ်လို့လဲ"

ဦးငယ်၏အသံက ဒေါသအပြည့်ပါသည်။
မေးကြောတွေပါထောင်လာသည်က ကြောက်ဖို့ကောင်း၏ ။
Kim Taeကို တစ်ယောက်ယောက်က ထိပါးသည်ဟု ဦးငယ်ထင်နေပုံရသည်။

"ကျွန်တော်... ကျွန်တော်ဘာမှမဖြစ်ပါဘူး"

"Kim Tae... ဦးငယ်မေးနေတယ်လေ! Kim Taeကို လာပြီးထိပါးရဲတာဘယ်သူလဲ!!"

လက်မောင်းကိုဆွဲ၍ လှုပ်ရမ်းလိုက်တော့ Kim Tae၏ ခန္ဓာကိုယ်လေးက ဦးငယ်၏ရင်ခွင်ထဲတွင် ပြိုလဲလာသည် ။ထိုအခါ ဦးငယ်က Kim Taeကို ထိန်းကာ ထွေးပွေ့လိုက်သည် ။

"Kim Tae... Kim Tae ကိုယ်တွေပူနေတယ်"

"ကျွန်တော် ဆေးမိထားတယ် ဦးငယ်"

"ဟင်"

ဦးငယ်၏ လက်တွေကတုန်ယင်လာသည်။
တင်းကျပ်စွာ ထွေးပွေ့ထားသည့်လက်တွေကလည်း လျော့ရဲလို့သွားခဲ့၏ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now