Episode 25

8.9K 826 274
                                    

#Unicode

Kim Taeကို အိမ်မှာသာပိတ်လှောင်ထားပြီး Jungkook ကတော့ အလုပ်ဖြင့် တခြားတစ်နိုင်ငံကို ရောက်ရှိနေခဲ့သည်မှာ ၃လကျော်လောက်ရှိခဲ့ပြီဖြစ်၏ ။အိမ်ကအလုပ်သမားတွေကို Kim Taeအကြောင်း မေးတတ်ပေမယ့် Kim Taeနှင့်တော့ အဆက်အသွယ်မလုပ်ဖြစ်ပေ ။ ဒါကလည်းKim Tae အတွက် အချိန်လိုအပ်သည်ဟု Jungkook ယူဆတာကြောင့်ပင် ။ Kim Tae ခေါင်းအေးအေးထား၍စဥ်းစားနိုင်ရန် အခုလိုလုပ်ထားပေမယ့်  လွမ်းတဲ့စိတ်ကို မဖျောက်ဖျက်နိုင်တာကြောင့် တစ်ခါတစ်ရံ Vd call ခေါ်မိသည် ။ သို့ပါသော်လည်း Kim Taeက သူ့ကို လျစ်လျူရှုထားခဲ့သည် ။ Jungkook စိတ်မဆိုးနိုင်သေး ၊ ဘာပဲဖြစ်ဖြစ် ဒါတွေက တဒင်္ဂပါပဲ ။

"အခြေအနေဘယ်လိုရှိလဲ"

တပည့်တစ်ယောက်အား Kim Taeရဲ့အခြေအနေကိုလှမ်းမေးလိုက်သည် ။ အရာအားလုံး ပုံမှန်အတိုင်းပါဟု၍ ပြန်ပြီးဖြေ၏။

"ဆက်ပြီး စောင့်ကြည့်ထား။ တစ်ခုခုဆိုရင် ငါ့ကိုအမြန်သတင်းပို့"

Jungkook လေပူတွေကိုမှုတ်ထုတ်၍ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည် ။ သူကိုယ်တိုင်လည်း အတော်လေးပင်ပန်းနေပြီဖြစ်၏ ။ အလုပ်ကိစ္စ အရှုပ်အယှက်တွေကတစ်မျိုး ၊ အိမ်ထောင်ရေးကိစ္စက တစ်ဖုံ ။
သူ့အတွက် စိတ်ချမ်းသာစရာရယ်လို့တောင်မရှိ။

"အရင်တုန်းက Kim Taeကို ဦးငယ်သိပ်ပြီးလွမ်းတာပဲ"

ဘာမဆို နာခံတတ်ပြီး ၊ ရိုကျိုးတဲ့Kim Taeကိုလွမ်းသည် ။
ပြန်ပြောလေ့မရှိဘဲ ဟုတ်ကဲ့ဟုဆိုကာ စကားနားထောင်တတ်တဲ့ကလေးကို သတိရသည်။
ဦးငယ်အပေါ်နားလည်ပြီး ချစ်ပေးနိုင်တဲ့ အရင် Kim Taeကို တမ်းတမိသည်။
လိမ္မာတဲ့ကလေးလေးကို Jungkook ပြန်လိုချင်ပါ၏ ။

"ဦးငယ်ကိုယ်တိုင်လည်း အေးစက်စက်အိမ်ထောင်ရေးကို အလိုမရှိပါဘူး Kim Tae"

နားထင်ကိုဖိ၍ တိုးတိတ်စွာရေရွတ်လိုက်မိသည် ။ သူကိုယ်တိုင်က အေးစက်နေခဲ့ပေမယ့် အေးစက်စက်အိမ်ထောင်ရေးကိုတော့ Jungkook မလိုချင်ခဲ့ ။
သို့ပေမဲ့ ကိုယ့်ကိုယ့်ကိုယ် ပြင်ဆင်ရတာမျိုးလည်း Jungkook မလုပ်နိုင် ... အရာအားလုံးမှာ ကိုယ့်ကိုယ်ကိုယ်မှားသည်ဟု Jungkook မခံယူတာမို့ဖြစ်၏ ။
အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်နေထိုင်ခဲ့သည် ။ သို့ပေမဲ့ ဘယ်အရာတွေက မှားယွင်းသွားခဲ့လို့များ အခုလိုတွေဖြစ်နေရလဲဆိုတာ မသိတော့ပေ ။

That Man:Kim Tae's U Nge(Completed)Where stories live. Discover now