Episode 11

12.7K 1K 130
                                    

#Unicode

ဦးငယ်ရဲ့ထိန်းချုပ်မှုကြောင့် Taehyungနှင့် Jiminမှာ အရင်လို တရင်းတနှီးနေခွင့်မရှိတော့ဘဲ ခပ်ခွာခွာဖြစ်လာခဲ့သည် ။
ကျောင်းမှာတော့ အရင်လိုနေလို့ရပေမယ့် အိမ်ရောက်ပြီဆိုတာနဲ့ သူစိမ်းသာသာဖြစ်လို့သွားသည် ။
လိုတာထက်ပိုပြီးစကားပြောတာကို ဦးငယ်ကမကြိုက်သလို ဖက်လဲတကင်းနေတာကိုလဲ လုံးဝမကြိုက်ပေ ။ အရင်လို Jiminရဲ့အခန်းကို တံခါးမရှိဓားမရှိဝင်ထွက်ခွင့်လဲ Taehyung မှာမရှိတော့ပေ။
သူငယ်ချင်းနှစ်ယောက်အတွက် အခုလိုနေရတာက မသက်မသာဖြစ်ရပြီး ဝမ်းနည်းဖို့ကောင်း၏ ။
ဦးငယ်က ဘာလို့ နားလည်မှုမရှိရတာလဲ။

"Kim Tae"

အခန်းထဲမှာ ငိုင်ငိုင်လေးထိုင်၍ အတွေးများနေတာကြောင့် ဦးငယ်ပြန်လာတာကိုမသိလိုက်ပေ ။
အသံကြားမှသာသတိဝင်လာပြီး ထိုင်နေရာက အလျင်အမြန်ထကာ ဦးငယ်ရဲ့လက်ထဲကအိတ်ကိုဆွဲယူလိုက်သည် ။ထို့နောက် လုပ်ပေးနေကျအတိုင်း Suit ကို ကူချွတ်ပေးလိုက်၏။

"မျက်နှာမကောင်းဘူး Kim Tae... နေမကောင်းလို့လား"

ဦးငယ်က သူ့ကိုမကြည့်ဘဲ အင်္ကျီကြယ်သီးတွေဖြုတ်ရင်း ဆိုလာသည် ။

"မဟုတ်ပါဘူး ဦးငယ် ။ ကျွန်တော်နေကောင်းပါတယ်"

သူ့စကားကြောင့် ဦးငယ်က သူ့ကို သေချာအကဲခတ်ကာကြည့်လာသည် ။
အကဲခတ်နေတဲ့မျက်ဝန်းတွေကြောင့် Taehyung မှာ မနေတတ်မထိုင်တတ်ပင်ဖြစ်ရ၏ ။

"Jimin နဲ့ကိစ္စကြောင့်လို့တော့မပြောနဲ့နော် Kim Tae ... ဦးငယ် အဲ့ဒီကိစ္စကို ပြန်မရှင်းချင်ဘူး"

ထိုသို့ပြော၍ အဝတ်အစားတွေကိုချွတ်ကာ ရေချိုးခန်းထဲဝင်ဖို့လုပ်နေသည် ။Taehyung လဲ Jungkook ၏လက်ကို ဖျပ်ခနဲလှမ်းဆွဲလိုက်၏။အစက Taehyung ဘာမှမပြောတော့ဖို့ဆုံးဖြတ်ထားပေမယ့် စိတ်မထိန်းနိုင်တာကြောင့်

"ဦးငယ်... အဲ့ဒီကိစ္စကိုပြန်မရှင်းချင်ဘူးဆိုရင်လဲ အခုလုပ်နေတာတွေကို ရပ်တန်းကရပ်ပေးလို့ရမလား ။ ကျွန်တော်နဲ့ Jimin ဘယ်လောက်တောင် အနေရခက်လဲဆိုတာ ဦးငယ်သိရဲ့လား! အပြစ်သားတွေလိုမျိုး တစ်ယောက်ကိုတစ်ယောက် ကြာကြာတောင်မကြည့်နိုင်ဘဲဖြစ်နေတာလေ!"

That Man:Kim Tae's U Nge(Completed)Where stories live. Discover now