#Unicode
ဦးငယ်ကိုကြယ်သီးတပ်ပေးနေရတဲ့ ကျွန်တော့်လက်တွေက တုန်ရီနေသလို နှလုံးခုန်သံတွေကလဲ ပေါက်ကွဲလုမတတ်မြန်ဆန်နေသည် ။
သို့ပေမဲ့ ဦးငယ်ကတော့ ပကတိတည်ငြိမ်နေ၏။
ကျွန်တော် ကြယ်သီးတပ်ပေးနေတဲ့တစ်လျှောက်လုံးမှာလဲ ဦးငယ်က ကျွန်တော့်မျက်နှာကို မျက်တောင်မခတ်တမ်းကြည့်နေသည် ။
ကျွန်တော့်မှာ ရှက်လွန်း၍ခေါင်းပင်မဖော်နိုင်ပေ ။"Necktie ပါစည်းပေး"
လက်ထဲကို Necktie တစ်ခုပါထည့်ပေးလာသည် ။
များများစားစား မစဥ်းစားနိုင်တော့ဘဲ Necktie ကိုပါ သေချာစည်းပေးလိုက်၏။
ထိုအခါ ဦးငယ်ကပြုံးသည် ။"မဆိုးဘူး .. အဝတ်လဲတဲ့အချိန်တိုင်း မင်းကူပေးရင် သိပ်အဆင်ပြေမှာပဲ"
ဦးငယ်က ဒီအတိုင်းပြောလိုက်တာဖြစ်ပေမယ့် ရင်ဘက်ထဲကအကောင်က ထိန်းမရသိမ်းမရအောင်ပင် ခုန်ပေါက်နေသည် ။
အဝတ်လဲတဲ့အချိန်တိုင်း ကူပေးနိုင်အောင် ဦးငယ် ကျွန်တော့်ကိုလက်ထပ်လိုက်ပါလားဟု ပြောလိုက်ချင်စိတ်ကလဲ တဖွားဖွားပင် ။
မပြောရဲ၍သာ နှုတ်ဆိတ်နေလိုက်ရ၏ ။"အလုပ်နောက်ကျနေပြီမို့ သွားခွင့်ပြုပါအုံး။နောက်တစ်ခါကျရင် ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်ပြီးကြည့်.. သတိလက်လွတ်နဲ့ နမော်နမဲ့နိုင်တဲ့လူကို ဦးငယ်မုန်းတယ်"
ထိုစကားကို စိတ်မဆိုးမိတဲ့အပြင် ရင်ခုန်မိနေသေး၏ ။
ဦးငယ်ဘာပြောပြော သဘောကျပြီး ရင်ခုန်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲနားမလည်နိုင်တော့ပေ ။"နာမည်က.."
တံခါးဝနားရောက်မှ အနောက်ကိုတစ်ချက်ပြန်ကြည့်ကာ နာမည်ကိုမေးလာသည်။
"Kim Taehyung ပါဦးငယ်"
ခေါင်းတစ်ချက်ငြိမ့်ပြ၍ထွက်သွားတော့သည်။
ဦးငယ်က အရမ်း ဆွဲဆောင်မှုရှိလွန်း၏ ။ဦးငယ်နဲ့ ပတ်သက်ပြီးနောက်ထပ်သတိထားမိတာက ဦးငယ်က သတိလက်လွတ်နေတတ်တာကို မုန်းသည်ဆိုတာကိုပင်။
-
-
-
-"ဦးငယ်က မင်းကိုသိပ်ချစ်မှာပဲနော် Jimin"
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...