#Unicode
တစ်ပတ်လောက်အထိ အိမ်လဲမပြန်၊ ကျောင်းလဲမသွားဘဲ ဦးငယ်ဆီမှာ သောင်တင်နေခဲ့သည် ။
ဦးငယ်ကလဲသူ့ကို ပိုပြီးဂရုစိုက်ပေးလာ၏။
အထူးသဖြင့် အလုပ်ကပြန်လာတိုင်း သူ့အတွက် တစ်ခုမဟုတ်တစ်ခု ဝယ်လာပေးခဲ့တာမျိုး ။
ညဘက်တွေမှာလဲ သူနှင့်အတူ ရုပ်ရှင်ကြည့်ပေးပြီး အချိန်ကုန်ပေးပြန်သည် ။
ဦးငယ်ရဲ့စိတ်ကလဲ တစ်ခါတလေတော့နားလည်ဖို့ခက်လွန်း၏ ။အိမ်ကိုမပြန်လို့လဲမဖြစ်သည်မို့ အခုတော့အိမ်ကိုပြန်လာခဲ့သည် ။
"Taehyung ... သားကို သားရဲ့ဒယ်ဒီက စိတ်ပူနေတာ ။ အဆက်အသွယ်လဲမလုပ်ဘဲ ပျောက်နေတော့လေ ။ ပြီးတော့ အရမ်းလဲစိတ်ဆိုးနေတယ်"
မိထွေးဖြစ်သူက ဆီးကြိုကာ သတိပေးသည်။
Taehyung လဲခေါင်းငြိမ့်၍တုံ့ပြန်လိုက်ပြီး အိမ်ထဲကိုဝင်လာလိုက်သည် ။"ဒီကိုလာထိုင်"
ဧည့်ခန်းမှာဆီးကြိုနေတဲ့ Taehyung ၏အဖေ။
သူပြောသည့်အတိုင်း မျက်နှာချင်းဆိုင်တွင် Taehyung ဝင်ထိုင်လိုက်သည် ။"ဘယ်တွေသွားနေတာလဲ ။ ကျောင်းလဲမတတ်ဘူးဆို"
"အဖေ့ကိုသူများပြောမှပဲသိတာမို့လား ။ အဲ့တာတောင်မှ ကျွန်တော့်ကိုဘာလို့လာမေးနေသေးလဲ ။ အဖေကျွန်တော့်ကို ဘယ်တုန်းကမှဂရုမစိုက်တာကို"
Taehyung အေးတိအေးစက်သာပြန်ပြောလိုက်သည် ။ အမှန်အတိုင်းပြောရရင် သူအချစ်ခံချင်၏ ၊ ဂရုစိုက်ခံချင်၏ ။ သို့ပေမဲ့ အဖေကသူ့ထက် အလုပ်ကိုသာဦးစားပေးသည် ။
"အဖေ လစ်ဟင်းတာတွေကိုသိတာမို့ တောင်းပန်ပါတယ် ။ ဒါပေမဲ့ အဖေ့ကိုအရွဲ့တိုက်ပြီး ဆိုးသွမ်းပြလို့တော့မရဘူး Taehyung "
"ကျွန်တော် အဖေ့ကို အရွဲ့တိုက်နေတာမဟုတ်ဘူး ။ ကျွန်တော့်သူငယ်ချင်းအိမ်မှာပဲအနားယူနေခဲ့တာ ။ အဖေ့ကိုမဆက်သွယ်တာကလဲ အဖေစိတ်မဝင်စားဘူးထင်ခဲ့လို့လေ"
အစက Kim Jong Min စိတ်ဆိုးပြီး သားဖြစ်သူကို ရိုက်နှပ်ဖို့အထိပင်တွေးထားခဲ့ပေမယ့် သားဖြစ်သူရဲ့စကားတွေကြောင့် ဒေါသအစားစိတ်မကောင်းဖြစ်လာရ၏ ။
Taehyung အပေါ်မှာ သူ့တာဝန်တွေ လစ်ဟင်းခဲ့တာများခဲ့ပြီ မဟုတ်လား ။
ငွေရှာပေးရုံနှင့် အစစအရာရာအဆင်ပြေလိမ့်မည်ဟု သူထင်ခဲ့မိသည် ။
Taehyung ကို ပြည့်ပြည့်စုံစုံထားနိုင်ရင် Taehyungပျော်လိမ့်မည်ဟု တွေးခဲ့မိတာဖြစ်၏။
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanficWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...