Final

11.5K 868 160
                                    

#Unicode

လူတွေအများကြီးကြည့်နေသည်ဆိုတာကိုပင် Taehyung မေ့လျော့သွားရသည်။
ဦးငယ်ရဲ့ ဒုတိယအကြိမ်လက်ထပ်ခွင့်တောင်းမှုတွင် ပျော်ဝင်ကြည်နူးနေခဲ့တာဖြစ်၏ ။
Taehyung ဆိုတာလည်း ဦးငယ်နှင့် ပတ်သက်လျှင် အခုထိ ခံစားလွယ်နေဆဲ။
မျက်ရည်တွေကြားကနေပြုံးလိုက်မိသည်။

"ဘာကို လက်ထပ်ခွင့်လဲ ။ ဘေးမှာ ကလေးတစ်ယောက်တောင်ရှိနေပြီပဲ"

Taehyung ခပ်ရွဲ့ရွဲ့လေးပြောလိုက်တော့ ဦးငယ်ကပြုံးသည် ။ ထို့နောက် Taehyung ၏ လက်သန်းကြွယ်လေးတွင် လက်စွပ်လေးစွပ်ပေး၏ ။

"အိမ်ထောင်တစ်ခုဆိုတာ လွယ်လွယ်နဲ့တည်ဆောက်လို့ရတာမဟုတ်ဘူးဆိုတာကို ဦးငယ်တို့ သဘောပေါက်ခဲ့ကြပြီမဟုတ်လား Kim Tae .... ဦးငယ်တို့ ဘာတွေလိုအပ်ခဲ့လည်းဆိုတာကိုလည်း ဦးငယ်တို့သိခဲ့ရပြီးပြီ။ဒီတစ်ခါတည်ဆောက်မယ့် အိမ်ထောင်ရေးမှာတော့ ဘယ်လို အဖုအထစ်မျိုးမှ ဦးငယ်မလိုချင်တော့ဘူး Kim Tae"

ဦးငယ်ပြောတာတွေကို Taehyung နားလည်သလို လက်ခံသည် ။ ဦးငယ်ဘက်က ပြောင်းလဲခဲ့တယ်ဆိုရင် Taehyung ဘက်ကလည်း ပြန်လည်ပြောင်းလဲပေးရမည် ။ ဦးငယ်ရဲ့ ပင်ကိုယ်ဗီဇကို Taehyung လက်ခံနိုင်ရမည် ။ဦးငယ်က ဒီလိုလူပါဆိုပြီးသိနေပြီးသားမို့ လက်ခံနိုင်ဖို့သာ ကြိုးစားရမည်။
ဘာပြဿနာမှလည်း Taehyung မဖြစ်လိုတော့ပါပေ ။

"အင်း... ကျွန်တော်တို့တွေအစကနေပြန်စကြရအောင် ဦးငယ်"

"ဦးငယ်ဝမ်းသာလိုက်တာ"

ရုတ်တရက် ပွေ့ဖက်လာတဲ့ဦးငယ်ကြောင့် Taehyung အနည်းငယ်တော့လန့်သွားသည်။သို့ပေမဲ့ ပြုံး၍ ဦးငယ်၏ခန္ဓာကိုယ်လေးကို ပြန်လည် ဖက်တွယ်လိုက်မိ၏။

"Kim Taeကို ဦးငယ်အရမ်းပဲချစ်တယ်နော်"

"ကျွန်တော်ရောပဲ"

လေးနက်တဲ့ခံစားချက်တွေကို ဝန်ခံပြီးနောက် ထပ်တူကျသွားသည့် နှုတ်ခမ်းများ။
အလိုရမ္မက်မပါသည့် အနမ်းတို့ကိုပုံဖော်မိကြသည် ။
လက်ခုပ်သံများ ဆူညံလာတော့မှ နှစ်ယောက်သားခွာလိုက်မိ၏ ။
လူတွေအားလုံးက သူတို့အတွက် ဂုဏ်ပြုလက်ခုပ်သံ ချီးမြှင့်ပေးနေကြသည်။

You've reached the end of published parts.

⏰ Last updated: Mar 10 ⏰

Add this story to your Library to get notified about new parts!

That Man:Kim Tae's U Nge(Completed)Where stories live. Discover now