#Unicode
"ဘာပဲဖြစ်ဖြစ် Jeon Jungkook က ရှင့်ရဲ့သမက်ဖြစ်နေပြီပဲလေ ။ရန်ငြိုးမထားပါနဲ့လားရှင်"
ဇနီးဖြစ်သူ၏စကားတွေက Kim Jong Min၏ နားထဲသို့မဝင်ပေ။ သူ့စိတ်ထဲမှာရော၊ နှလုံးသားထဲမှာပါ Jeon Jungkook အပေါ် အမုန်းမီးများ လောင်မြိုက်လို့နေ၏။
Jeon Jungkook ကို အောက်ဆုံးအထိရောက်အောင် ထိုးချပြီး တစ်သက်လုံး နာလန်မထူအောင်လုပ်ပစ်ချင်သည် ။
Jeon Jungkook ကို သူသိပ်မုန်း၏။ ဘယ်သောအခါမှ သူ့သမက်အဖြစ် သတ်မှတ်လိမ့်မည်မဟုတ်ပေ ။"တော်စမ်းပါ.. မင်းဘာသိလို့လဲ ။ Jeon Jungkook က ငါ့ကို ဘယ်လို ခြိမ်းခြောက်၊အကျပ်ကိုင်ပြီး ငါ့သားကိုယူလဲဆိုတာ မင်းမှမသိဘဲ ။သူလိုလူကို ငါကဘာလို့ သမက်အဖြစ် သတ်မှတ်မှာလဲ ။ အခုမှမဟုတ်ဘူး ဘယ်တော့မှလဲ မသတ်မှတ်ဘူး"
Kim Jong Min၏ အမုန်းတရားနှင့် အငြိုးတို့ကို မည်သူမျှ ခြေဖျက်ပေးလို့မရပေ။
Jeon Jungkook ကျရှုံးမှသာ သူကျေနပ်ပြီး ပျော်နိုင်လိမ့်မည် ။"Taehyung ထိခိုက်မှာရော မစိုးရိမ်ဘူးလားရှင် ။ Taehyung က Jeon Jungkook ကို ဘယ်လောက်တောင်ချစ်လိုက်သလဲဆိုတာ ရှင်မသိဘူးလား"
"မင်းကမိထွေးပါ ။ ငါက ငါ့သားအကြောင်းကို ပိုသိတယ် ။ သားက ရူးရူးမိုက်မိုက်အရွယ်လေးမို့ Jeon Jungkook ကိုချစ်တယ်ဆိုပြီး တမ်းတမ်းစွဲဖြစ်နေပေမယ့် နောက်ပိုင်းကျရင် Jeon Jungkook လိုလူကို စိတ်ကုန်သွားမှာပဲ။ Jeon Jungkook လို တစ်ကိုယ်ကောင်းသမားကို ဘယ်သူကမှ ကြာကြာသည်းခံနိုင်မှာမဟုတ်ဘူး"
Kim Jong Min မဲ့ပြုံးပြုံးလိုက်သည် ။
Taehyung ကို အသုံးချပြီးတော့ပဲဖြစ်ဖြစ် Jeon Jungkook ကို အလဲထိုးပစ်မည်။
Jeon Jungkook ကို ကျရှုံးစေနိုင်သူက သူ့သား Kim Taehyung ပဲ ဖြစ်စေရမည်။
သူ့ဘက်က အကွက်ကျကျနှင့် သေချာထောင်ချောက်ဆင်ပြမည်။မင်း စောင့်ကြည့်နေလိုက် Jeon Jungkook ...
Kim Jong Minလိုလူကို သွေးတိုးစမ်းတဲ့အတွက် ဘာတွေပေးဆပ်ရမလဲဆိုတာ။
မင်းဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ငါကလုပ်ပြမယ် ။**
"အဖေ ကျွန်တော့်ကိုခေါ်တာ ပြောစရာရှိလို့လား"
YOU ARE READING
That Man:Kim Tae's U Nge(Completed)
FanfictionWarning!! - ဒီဇာတ်လမ်းထဲက Jeon Jungkookက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးပါတယ် ။ သူ့ကိုယ်သူပဲကြည့်တတ်တဲ့ပုံစံမျိုးပါ ။သူလုပ်သမျှအရာအားလုံးကမှန်နေတယ်လို့ယူဆတဲ့သူပါ ။ Kim Taehyungကိုချစ်ပေမယ့် အဲ့ဒီအချစ်တွေကိုပေါ်လွင်အောင်ပြတာမျိုးမရှိပါဘူး (တစ်နည်း)အတ္...