Ep - 1

521 11 0
                                    

"ခန့်ငယ်ရေ ... ခန့်ငယ်"

ရေချိုးခန်းထဲမှ အထွက် အောက်ထပ်မှခေါ်သံကြောင့် တီရှပ်တစ်ထည် ကောက်စွပ်၊ ဘောင်းဘီဒူးတို ကို ခပ်မြန်မြန်ဝတ်ကာ လှေကားထစ်များကို ခုန်ကျော်ပြေးဆင်းမိသည်။လှေကားရင်းမှာပင် မေမေနှင့်တည့်တည့်တိုးတော့ မေမေက

"ဟဲ့ ဟဲ့ သားရယ် ပြုတ်ကျဦးမယ် ဖြည်းဖြည်းဆင်းလည်း ရသားနဲ့"

ဟု စိတ်ပူဟန်ဖြင့်ပြောလာတော့

"မရဘူး ...မေမေရ သူ‌ သားကိုစောင့်နေရပါတယ်ဆိုပြီး ... "

ပြော၍မဆုံးခင်မှာပင် လှေကားဘေး ထမင်းစားခန်းထဲရှိ စားပွဲတွင် အကျအနထိုင်ကာ မုန့်ဟင်းခါးစားနေသော  နိုနိုကို ကြောင့် ပြောလက်စ တို့ ရပ်သွားရသည်။
သူ့ဘေးနားသွားရပ်ကာ အမြင်ကတ်ကတ်နှင့် ခေါင်းကိုပုတ်လိုက်ရင်း

"ဒါက ဘာလုပ်နေတာလဲ"

"စားနေတာလေ မမြင်ဘူးလား"

ဟု နောက်လှည့် ရန်တွေ့လာသူ။
နိုနိုကို ဆိုသည့် အနှီစွာတေးမလေးမှာ သူသိတတ်ပါပြီ ဆိုသည့် အရွယ်ကတည်းက လည်ပင်းဖက် ပေါင်းလာသူ၊အိမ်ဘေးချင်းကပ်၊မိဘချင်းလည်း ရင်းနှီးကြ၍ နှစ်အိမ့်တစ်အိမ်သဘောမှာ သူတို့အသားကျခဲ့ကြတာ ဆယ်နှစ်ကျော်လို့ သူ့အသက်ပင် ၁၆နှစ်ပြည့်တော့မည်။

သူတို့ ဆယ်တန်းစာမေးပွဲတွေပြီးကတည်းက ညနေတိုင်းကမ်းနားလမ်းမှာ စက်ဘီးပတ်စီးဖြစ်ကြသည်။ ပင်လယ်မြို့လေးက သူတို့နှစ်ယောက်၏ မွေးရပ်မြေပင်။

"ဒီနေ့သွားဖြစ်ဦးမှာလား နင်က"

မုန့်ဟင်းခါးတစ်ပန်းကန်ကုန်သည်နှင့် မေမေအသင့်ထည့်ပေးထားသော ရေနွေးပူပူကို တဖူးဖူးမှုတ်သောက်နေပြန်၍ ငေါက်ငမ်းလိုက်ရသည်။

လက်ကျန်တစ်စက်နှစ်စက်ကို ကုန်အောင်မော့ပြီးမှ ထရပ်လာသည်။

" အန်တီ များကြီးကျေးဇူးနော် ... သွားမယ်"

ရှေ့စကားတစ်ဝက်အတွက် သူ့မျက်နှာက ပြုံးရွှင်ရွှင် ၊ နောက်ကစကားနှစ်လုံးအတွက်မူ သူ့မျက်နှာက မှုန်ကုပ်ကုပ်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now