ကားနောက်ခန်းတွင် ဆိတ်ငြိမ်စွာထိုင်ရင်း မှန်ပြတင်းမှ တရိပ်ရိပ်ပြေးလွှားနေသော ဝန်းကျင်ကို ငေးနေမိသည်။ သောကြာည အိမ်ပြန်ချိန်တိုင်း ငေးနေကျ မြင်ကွင်းများ၊အိမ်ပြန်ရောက်သည့်တိုင် သူလိုချင်သည့်၊လိုအပ်သည့် နွေးထွေးစွာကြိုဆိုမှုမျိုး ဘယ်သောအခါမှ ရလာနိုင်မှာမဟုတ်မှန်း သိသော်လည်း တိတ်တဆိတ်မျှော်လင့်နေတတ်ဆဲ။
သူ သိတတ်ချိန်ကစ ယခုချိန်ထိ နွေးထွေးခြင်းကင်းသော ခြောက်ကပ်ကပ်အိမ်ကြီးမှာ သူ လုံးဝမပျော်ပိုက်။ သူနှင့်ရွယ်တူကလေးများအား မိဘများလာရောက်တွေ့ဆုံချိန်တိုင်း ဝမ်းနည်းခဲ့ရသည်။မွေးကတည်းက တစ်ခြမ်းပဲ့ခဲ့ရသော အမေ့ရင်ငွေ့ကို အစားထိုးဖို့ရာလည်း အလုပ်များနေတတ်သော အဖေက သူလိုအပ်တိုင်းမရှိပေးခဲ့။
သူ့မှာအစစအရာရာပြည့်စုံသော်လည်း သူအမှန်တကယ်လိုအပ်၊လိုချင်သည့် ဂရုတစိုက်ဖေးမပေးခြင်းမျိုးမှာမူ ချို့တဲ့ခဲ့သည်။
ပန်းခြံရှေ့ ကားအဖြတ်တွင် ခပ်ချောချောမျက်နှာတစ်ခုကို မြင်ယောင်သည်။
သူ စကိတ်ကွင်းသို့လာတိုင်း ခရေပင်ရိပ်အောက် ထိုင်နေတတ်သော ခပ်ချောချောအစ်ကိုအား သတိထားမိသည်။
သတိထားမိရသည့် အကြောင်းအရင်းက သပ်သပ်ရှိသည်။မကြာသေးခင်ကမှ သူ့ Instagram account ထဲ like ဗုံးကျဲသွားသောသူ ...။
သူ့ IG က followers သိပ်မများ၍ ထိုအစ်ကိုအား သတိထားမိသွားခြင်း။အစက "ဒီလူ ဘာလဲဟ" ဟု တွေးရင်း သူ့ acc သွားချောင်းတော့လည်း "Paing Zay Khant " ဟူသည့် ရိုးရှင်းသောနာမည်၊ တစ်နှစ်မှာ တစ်ခါသာ update ဖြစ်ပုံရသော သူ့ wall ထဲမှ post လေး၊ငါး၊ခြောက်ခု လောက်သာ မြင်ရသည်။
သူ့ကိုအသားလွတ်လိုက်ပြိုင်နေသည့် ဂျပွေးသုံးကောင်နှင့် ငြိသည့်နေ့က ချက်ချင်းအနားရောက်လာသော အစ်ကိုသည် သူ့ရှေ့မှ ကာပေးရင်း ဒဏ်ရာပင်ရခဲ့သည်။
သူအားနာကျေးဇူးတင်မိသော်လည်း ခံစားချက်တို့ကို ထုတ်ဖော်မပြတတ်၍ စိတ်မကောင်းဖြစ်ခဲ့ရသေးသည်။
သူကွင်းထဲလဲသည့်နေ့ကလည်း အစ်ကို့ဘေးမှာ အစ်မချောချောတစ်ယောက် ပါလာခဲ့သည်။
အစ်ကို့ကောင်မလေးပင် ဖြစ်ပါလိမ့်မည်။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်